၀က်နံတုံ (Pork Leg Jelly)

ပါဝင်ပစ္စည်းများ

ဝက်ခြေထောက်(Pork Leg) ၅၀၀ ဂရမ်

မုန်လာဥ (Carrot) ၁၀၀ ဂရမ်

သကြား (Sugar) ၅၀ ဂရမ်

ကြက်သွန်မြိတ် (Spring Onion) ၂၀ ဂရမ်

တရုတ်နံနံပင် (Celery)   ၂၀ ဂရမ်

သစ်ကျပိုးခေါက် (Cinnamon Stick) ၂ ခု

ကြက်သွန်ဖြူ (Garlic) ၅ ဂရမ်

လေးညှင်းပွင့် (Cloves) ၅ ဂရမ်

နာနတ်ပွင့် (Star Anise) ၅ ဂရမ်

 

ပြုလုပ်ပုံအဆင့်ဆင့်

-ဝက်သားကိုသန့်စင်အောင်ဆေးကြောပြီး ဆား၊ နံနတ်ပွင့်တို့ဖြင့်အနည်းငယ်နူးသွားအောင်ပြုတ်ပေးပါ။

-ပြုတ်ထားသော အရည်များကိုဖယ်ထုတ်ပြီး အသားများကို ပါးပါးလှီးပေးပါ။

-မီးဖိုပေါ်တွင် ရေကိုပွက်ပွက်ဆူအောင်တည်ထားပြီး ဝက်သားများကိုထည့်ပါ။

-ပြီးနောက် သစ်ကျပိုးခေါက်၊ မုန်လာဥနီ၊ ဆား၊ သကြား၊ ကြက်သွန်ဖြု၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီးဝက်သားနူးအိလာတဲ့အထိပြုတ်ပေးပါ။

-နောက်ဆုံးတွင် အအေးခံဖို့ရန်အတွက် ခွက်တစ်ခွက်ထဲတွင် ဝက်သားနှင့်အရည်များကိုထည့်ပြီး ရေခဲသေတ္တာထဲတွင် အအေးခံပေးပါ။

-နောက်ဆုံးတွင် အရသာရှိပြီးတုံတုံအိအိလေးနဲ့အရမ်းစားလို့ကောင်းတဲ့ ဝက်နံတုံကို စားသုံးနိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။