အမဲသားကင်နှင့် ရွှေဖရုံသီးဟင်းချို (Pumpkin Soup with Grilled Beef )

ပါဝင်ပစ္စည်းများ

အမဲသား (Beef) ၂၀၀ ဂရမ်

ဖရုံသီး (Pumpkin) ၄၀၀ ဂရမ်

ထောပတ် (Butter) ၁၀၀ ဂရမ်

ကြက်သွန်ဖြူ (Garlic) ၂၀ ဂရမ်

ဆား (Salt) ၁၀ ဂရမ်

ငရုတ်ကောင်း (Pepper) ၁၀ ဂရမ်


ပြုလုပ်ပုံအဆင့်ဆင့်

-ရွှေဖရုံသီးကို ဆား၊ ငရုတ်ကောင်း၊ ဆီ အနည်းငယ်ထည့်ပြီးပေါင်းပါ။

-ရွှေဖရုံသီးနူးလာပါက Blender ဖြင့်ကြိတ်ပါ။

-ရွှေဖရုံသီးအနှစ်ရလာပါက အိုးထဲကိုထည့်ပြီး ထောပတ်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့်အပူပေးပြီး Soup ရတဲ့အထိချက်ပေးပါ။

-အမဲသားကိုတော့ ဆား၊ ငရုတ်ကောင်းတို့ဖြင့်နယ်ပြီး တစ်ဖက်ကို ၂ မိနစ်ခန့်ကင်ပေးပါ။ အမဲသားရပြီဆိုရင်တော့ အနေတော်ခန့်အတုံးလေးများကိုလှီးပေးပါ။

-နောက်ဆုံးအဆင့်တွင် ပန်းကန်ထဲမှာ ဖရုံသီး Soup ကိုထည့်ပြီးအပေါ်မှာကင်ထားတဲ့ အမဲသားများကိုထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။