မှိုစားခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၄)မျိုး

မှိုတွေအားလုံးဟာ Fungi အုပ်စုဝင်တွေဖြစ်ပြီး ပန်းဝတ်မှုန်တို့၊ မျိုးစေ့တို့လိုမျိုးပဲ မှိုမျိုးမှုန်တွေ ထုတ်ပေးပါတယ်။ အဲဒီမျိုးမှုန်တွေဟာ လေနဲ့အတူလွင့်ပါသွားပြီး မြေကြီးနဲ့ သစ်သားမှာ ကပ်ပြီး မျိုးပွားကြပါတယ်။ မှိုအမျိုးမျိုးရှိပေမယ့် မှိုတိုင်းစားလို့မရပါဘူး။ အချို့မှိုတွေက စားမိရင် ဗိုက်အောင့်တာ၊ အော့အန်တာအပြင် သေတဲ့အထိ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စားလို့ရမရ သေချာမေးစမ်းပြီးမှ စားသင့်ပါတယ်။ စားလို့ရတဲ့မှိုတွေမှာတော့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ဓာတ်တွေ ပါဝင်ပါတယ်။


၁) ဗီတာမင် ဘီနဲ့ဒီ ကြွယ်ဝတယ်

Related image

မှိုမှာ ဗီတာမင်-ဘီ အပြင် အစွမ်းထက်တဲ့ Selenium antioxidant ဓာတ် ပါဝင်ပါတယ်။ အဲဒီ့ဓာတ်တွေက ရောဂါခုခံကာကွယ်တဲ့စနစ်ကို အထောက်အကူဖြစ်စေပြီး ဆဲလ်နဲ့ တစ်ရှူးတွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ မှိုဟာ ဗီတာမင်-ဒီ ဓာတ်လည်း ကြွယ်ဝပါတယ်။ ဗီတာမင်-ဒီဓာတ်ဟာ ကယ်လ်ဆီယမ်ဓာတ်တွေကို စုတ်ယူပေးပြီး အရိုးတွေကို သန်မာစေပါတယ်။


၂) ရောဂါခုခံနိုင်စွမ်းတိုးစေတယ်

Related image

မှိုမှာ ergothioneine လို့ခေါ်တဲ့ antioxidant ဓာတ် ပါဝင်ပါတယ်။ အဲဒီ့ဓာတ်က အသားအရေ ဖူးရောင်နီရဲခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ရောဂါပိုးမွှားတွေကို ခုခံပေးပြီးတော့ ဓာတ်မတည့်ခြင်းတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ အကျိတ်အဖုတွေဖြစ်ခြင်းကိုလည်း လျှော့ချပေးပါတယ်။


၃) အရွယ်တင်နုပျိုစေတယ်

Image result for cooked mushroom

၂၀၁၇ ခုနှစ်တုန်းက Penn State လေ့လာရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ မှိုမှာ ergothioneine နဲ့glutathione ဆိုတဲ့ antioxidant ဓာတ်နှစ်မျိုး ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အဲဒီ့ဓာတ်တွေက အိုမင်းရင့်ရော်ခြင်းကို ထိန်းပေးနိုင်ပြီး အရွယ်တင် နုပျိုစေပါတယ်။


၄) ကိုလက်စရောနည်းတဲ့အတွက် ဝိတ်မတက်စေဘူး

Image result for cooked mushroom

ယေဘုယျအားဖြင့် မှိုမှာ ကိုလက်စရောလုံးဝ မပါပါဘူး။ မှိုမှာ ကိုလက်စရောနည်းတဲ့ အမျှင်ဓာတ်ပဲ ပါဝင်ပါတယ်။ ဒါကြောင့် ဝိတ်ချနေသူတွေအနေနဲ့ မှိုစားပေးသင့်ပါတယ်။


Ref; https://www.pulse.com.gh/lifestyle/beauty-health/4-reasons-why-you-should-be-eating-more-mushrooms/hyllbcz