ဆံပင်ကျွတ်စေတဲ့ အစားအစာ (၅) မျိုး

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ မျိုးရိုးဗီဇ၊ ဟော်မုန်းမညီမျှမှု၊ အာဟာရဓာတ်ချို့တဲ့မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာတွေထဲက တချို့က ထိန်းချုပ်လို့မရပေမယ့် တချို့ကတော့ ထိန်းသိမ်းလို့ ရပါတယ်။ အလွယ်ကူဆုံးထိန်းသိမ်းနည်းကတော့ အစားအသောက်ဆင်ခြင်ခြင်းပါပဲ။ ဆံပင်ကျွတ်တာ သက်သာဖို့အတွက် ဘယ်အစားအစာတွေကို အဓိက ရှောင်သင့်လဲဆိုရင် -

သကြား

အရက်

ကဖင်း

အဆီများတဲ့အနီရောင်အသား

အသင့်စားအစားအစာများ


သကြား


သကြားရဲ့ဆိုးကျိုးတော်တော်များများကို ကြားဖူးပြီးသား ဖြစ်မှာပါ။ သကြားက ဆံပင်ကျွတ်စေတယ် ဆိုတာကိုတော့ လူတွေ သိပ်မသိကြပါဘူး။ သကြားဟာ အန်ဒရိုဂျင်နဲ့ အင်ဆူလင်ဓာတ်တွေ မြင့်တက်စေပါတယ်။ အဲဒီဓာတ်တွေက ဆံသားတွေအတွက် ဆိုးရွားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်စေပါတယ်။


အရက်

liquor

အရက်ကို တစ်ခါတလေသောက်တာ ကိစ္စမရှိပေမယ့် နေ့တိုင်းစွဲသောက်ရင်တော့ ဆံပင်ကျွတ်စေပါတယ်။ ဘာလို့လဲဆိုတော့ အရက်က ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အခြားသောကျန်းမာရေးဆိုးကျိုးတွေအပြင် ဆံသားခြောက်သွေ့ခြင်း၊ ဆံသားမွှေးညင်းပေါက်တွေ ကြွပ်ဆပ်ခြင်းတွေပါ ဖြစ်လာပါတယ်။


ကဖင်း

Image result for caffeinated drinks

ဆံသားကောင်းချင်သူတွေအနေနဲ့ ကဖင်းဓာတ်ကို ရှောင်ဖို့လိုပါတယ်။ ကဖင်းဓာတ်ဆိုတဲ့နေရာမှာ ကော်ဖီအပြင် အားဖြည့်အချိုရည်နဲ့ Green Tea လည်း ပါဝင်ပါတယ်။ Green Tea ကို သောက်သုံးတာထက် ဆံသားမှာလိမ်းတာက ပိုအကျိုးရှိပါလိမ့်မယ်။


အဆီများတဲ့အနီရောင်အသား


အဆီများတဲ့အသား၊ အနီရောင်အသားတွေကို အစားများခြင်းက ကိုယ်အလေးချိန်တက်လာစေတဲ့အပြင် ဆံပင်လည်း ကျွတ်စေနိုင်ပါတယ်။ ဒီအစားအစာကို အများအပြားစားခြင်းက ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ဒါ့အပြင် ဆံသားဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။


အသင့်စားအစားအစာများ

fast food

ပွဆေးနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ လေဖောင်းမုန့်တွေက ဦးရေကို ညစ်နွမ်းစေပြီး ဆံသားမွှေးညင်းပေါက်လေးတွေကို ပိတ်ပစ်တာကြောင့် ဆံပင်မသန်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ အသင့်စားအစားအစာတွေဟာ အသားအရေအတွက်သာမက ဦးရေပြားအတွက်ပါ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။


Ref; https://www.chartattack.com/5-foods-to-avoid-to-prevent-hair-loss/


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။