ဘင်္ဂလားဒေ့ရှ်တွင် ဆားပြတ်လပ်မည့် သတင်းထွက်ပေါ်၊ ဒေသခံတို့ကြောက်လန့်တကြားဖြင့် ဆားများအလုအယက်ဝယ်ယူကြ

နိုဝင်ဘာ ၁၉၊ ၂၀၁၉၊ ဒါကာ။

ဘင်္ဂလားဒေ့ရှ်တွင် မကြာမီဆားပြတ်လတ်တော့မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လျှက်ရှိရာ ပြည်သူတို့ ဆားများအလုအယက်ဝယ်ယူနေကြ၏။ ဈေးကွက်အတွင်းသို့ ဆားဝင်ရောက်မှုရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကောလဟာလများပြန့်နှံ့နေသည်။


Picture Credit - dhakatribune.com

ပြည်သူတို့မှာ ထိုသတင်းမှားကြောင့် ဆားများအလုအယက်ဝယ်ယူကြသဖြင့် ပြီးခဲ့သည့်ရက်က မြင့်တက်နေသော ကြက်သွန်နီဈေးမှာ တစ်ကီလိုလျှင် မြန်မာငွေ ၃၅၇၇ ကျပ်အထိ ထိုးကျခဲ့သည်။ လွန်ခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်သို့ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီတင်ပို့မှု ရပ်ဆိုင်းလိုက်ရာ ကြက်သွန်နီမှာ မူလက တစ်ကီလို လျှင် မြန်မာငွေ ၂၀၀၀ ကျော်သာရှိရာမှ နှစ်ပတ်အတွင်း မြန်မာငွေ ၃၀၀၀ ကျော်အထိ ခုန်တက်ခဲ့သည်။ ထို့နောက် ဆိုင်ကလုန်းမုန်တိုင်း ဘူလ်ဘူလ် တိုက်ခတ်အပြီးတွင် တစ်ကီလိုလျှင် မြန်မာငွေ ၄၀၀၀ ကျော်အထိဆက်လက်မြင့်တက်ခဲ့သောဟူ၏။

ထိုသို့အဆမတန်ဈေးမြင့်တက်မှုကြောင့် တူရကီ နှင့် အီဂျစ်မှ မှာယူထားသော ကြက်သွန်နီများ မကြာခင် ကုန်တင်လေယာဉ်ဖြင့်ရောက်လာမည်ဖြစ်ကြောင်း၊ ကြားကာလတွင် ကြက်သွန်နီမသုံးသော ဟင်းလျာများဖြင့် အစားထိုးချက်ပြုတ်ကြပါရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကိုယ်တိုင် မေတ္တာရပ်ခံခဲ့ရသည်။ ထို့နောက် ကြက်သွန်နီဈေးမှာ တစ်ကီလိုလျှင် မြန်မာငွေ ၃၅၀၀ ကျော်သို့ပြန်လည်ကျဆင်းခဲ့သည်။

ထို့နောက်ပြီးခဲ့သော တနင်္လာနေ့တွင် ကြက်သွန်နီဈေးမှာ တစ်ကီလို မြန်မာငွေ ၂၀၀၀ ကျော်အထိ ထပ်မံကျဆင်းခဲ့ပြီး ဈေးမြောက်လှသော မြန်မာနိုင်ငံမှ ကြက်သွန်နီပင် တစ်ကီလို မြန်မာငွေ ၁၀၀၀ ကျော်အထိ ဈေးကျဆင်းခဲ့သည်။ အီဂျစ်နှင့် တူရကီမှ ကြက်သွန်ဈေးမှာ တစ်ကီလိုလျှင် မြန်မာငွေ ၁၇၀၀ ကျော်မှ ၂၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့သည်။


Picture Credit - 9gags

ကြက်သွန်နီဈေးကျဆင်းနေသော်လည်း ဒါကာတွင် တစ်ကီလို ၁၂၀၀ ကျော်၊ စစ်တကောင်းဒေသတွင် ၁၇၀၀ ကျော်ဖြစ်သောကြောင့် ဒေသအလိုက် ကြက်သွန်ဈေးကွာခြားဆဲပင်ဖြစ်သည်။

Gabriel
( အထက်ပါ အကြောင်းအရာကို ကူးယူဖော်ပြခွင့်ပြုပါသော Oung Marine fb page မှ ဆရာ Htay Oung ကို ကျေးဇူးအထူးတင်ရှိပါသည်။ )
Picture Credit - dhakatribune.com





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။