သင်မသိသေးတဲ့ ကော်ဖီထဲက ကဖင်းဓာတ်အကြောင်း

ကော်ဖီမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ တစ်ချို့ကျတော့လည်း ကော်ဖီကြိုက်ပေမယ့် ရင်တုန်တာကို မခံစားနိုင်လို့ ဒါမှမဟုတ် ကော်ဖီကို ရှောင်ကို ရှောင်မှဖြစ်မှာမို့ မသောက်ရတဲ့သူတွေလည်း ရှိတာပေါ့လေ။ 

ကော်ဖီဟာ စိတ်ကိုတက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကြောင်းတော့ သင်ရောသင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အသိမိတ်ဆွေတွေပါ သိရှိထားမှာ မဟုတ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ပါတယ်။


၁။ကဖင်းဓာတ်ဟာ ကိုယ့်ရဲ့မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအားတစ်ချို့ကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒါ့ကြောင့် အန်ဇိုင်းမားရောဂါ ခံစားနေရတဲ့သူတွေဟာ ကဖင်းဓာတ်ပိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ကဖင်းဓာတ်နဲ့ တည့်မတည့်ဆိုတဲ့အပေါ်မှာတော့ မူတည်နေပါသေးတယ်။


၂။အားကစားလုပ်တဲ့အခါ ကိုယ့်ရဲ့စွမ်းရည်၊ လုပ်ဆောင်မှုကို မြင့်မားစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း မလုုပ်ခင်၊ အားကစားတစ်ခုခု မပြိုင်ခင် တစ်နာရီလောက်အလို ကော်ဖီသောက်ထားလိုက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခုမှာ ပြိုင်တဲ့အခါ နိုးကြားမှုတွေ မြင့်မားနေတာတွေ့ရမှာပါ။ ဒါပေမယ့် တုံ့ပြန်ချက်မှာတော့ လျော့ကျသွားပါလိမ့်မယ်။


၃။ ကဖင်းဓာတ်ဟာ ဦးနှောက်သွေးကြောထဲကို လွယ်ကူစွာဖြတ်သန်းတတ်တဲ့အတွက် ပင်မအာရုံကြောတွေဟာ မြန်မြန်ဆန်ဆန်ကို နိုးကြားလိုက်ရတဲ့အတွက် ကိုယ့်စိတ်ထဲမှာ တစ်ခုခုကို သပ်ရပ်လား၊ သေသပ်လား၊ ကြောက်စရာကောင်းသလားဆိုတာမျိုးတောင် သေချာ မဆုံးဖြတ်နိုင်ပါဘူး။ 


၄။ကဖင်းဓာတ်ဟာ အသားအရေကို ခြောက်ခန်းစေပါတယ်။

ကော်ဖီတော်တော်များများမှာ ပါတဲ့ ကဖင်းဓာတ် ၉၈ရာခိုင်နှုန်းကြောင့် သင်ကော်ဖီသောက်လိုက်တဲ့အခါ အသားအရေခြောက်ခန်းတာမျိုးတွေ ဖြစ်လာပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။