သာကူအသားလုံးပေါင်း (Sago Meat Ball)

ပါဝင်ပစ္စည်းများ

-သာကူ (Sago)                      ၂၅၀ ဂရမ်

-ဝက်သား (Minced Ball)          ၁၀၀ ဂရမ်

-ကြက်သွန်နီ (Onion)              ၂ လုံး

-ကြက်သွန်ဖြူ (Garlic)             ၁ လုံး

-ဆား (Salt)                         ၁ ဇွန်းသေး

-ငရုတ်ကောင်းမှုန့် (Black Pepper)     ၁ ဇွန်းသေး

-နံနံပင်ရိုး (Coriander Stem)           ၅ ဂရမ်

-ငရုတ်သီး (Chili)                         ၄ ခု

-ဆလက်ရွက် (Lettuce)                 အနည်းငယ်

-ရေနွေး (Warm Water)                အနည်းငယ်

 

ပြုလုပ်ပုံအဆင့်ဆင့်

-ပထမဦးစွာ သာကူစေ့များကို ရေနွေးဖြင့် ၅ မိနစ်ခန့်စိမ်ပေးထားပါ။

-နောက်တစ်ဆင့်အနေဖြင့် မီးဖိုပေါ်တွင် ဆီကိုအနည်းငယ်ပူအောင်ထားပြီး ကြက်သွန်နီ၊ နံနံပင်အရိုး တို့ကိုဆီသတ်ပြီး ဝက်သားကိုအနည်းငယ် ကျက်သည့်အထိချက်ပေးပါ။

-ထိုနောက် သာကူကို လုံးပြီး အသားကိုထည့်ပေးပါ။

-အသားထည့်ထားသော သာကူလုံးများကို ပေါင်းအိုးထဲတွင် ၂၅ မိနစ်ခန့်ပေါင်းပေးပါ။ 

-သာကူအဆံများများ ပျောက်သွားတဲ့အခါ မီးဖိုပေါ်ကနေဖယ်ထုတ်လိုက်ပါ။

-နောက်ဆုံး ပန်းကန်ထဲတွင် သာကူအသားလုံးများကိုထည့်ပြီး ဆီချက်၊ ငရုတ်သီး၊ ဆလက်ရွက်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။