နာမည်ကျော် popeye ကြက်သားဆင်းဒွစ်ချ် ဆိုင်တွင် ကြားဖြတ်ရာမှ အချင်းများပြီး အမျိုးသားတစ်ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်ရှိ နာမည်ကျော် Popeye ကြက်သားဆင်းဒွစ်ချ် ရောင်းချသော ဆိုင်ရှေ့တွင် ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့သည်။


Picture Credit - metro.co.uk

ပြီးခဲ့သော တနင်္လာနေ့က မေရီလန်းပြည်နယ်၊ အောက်ဆွန်ဟေးလ် ကောင်တီရှိ Popeye ကြက်သားဆင်းဒွစ်ချ် ရောင်းချသောဆိုင်တွင် အသက် ( ၂၈ ) နှစ်အရွယ်အမျိုးသားတစ်ဦး နှင့် အခြားတစ်ဦးတို့မှာ ဆင်းဒွစ်ချ် ဝယ်ယူရန် ကြားဖြတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး အချင်းများခဲ့သည်။ ထို့နောက် ကြားဖြတ်သည့်အမျိုးသားမှ ထို အသက် ( ၂၈ ) နှစ်အရွယ်အမျိုးသားကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ဓားထိုးခံရသူ အမျိုးသားမှာ အောက်ဆွန်ဟေးလ်ကောင်တီ ဆေးရုံသို့တင်ပို့စဉ် လမ်းတွင်ပင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။


Picture Credit - metro.co.uk

Popeye ကြက်သားဆင်းဒွစ်ချ်သည် ဘာဂါ၊ ဟော့ဒေါ့ နှင့် fastfood အစားများသော အမေရိကန်တို့အတွက် အကြိုက်ဖြစ်ပြီး တစ်ခါတစ်ရံ ကြက်သားဆင်းဒွစ်ချ် ဝယ်ယူရန် ဆယ့်ငါးမိနစ်အထိစောင့်ဆိုင်းရသော ဖြစ်ရပ်များရှိတတ်သည်။


Picture Credit - metro.co.uk

ယခုဖြစ်ရပ်မှာ နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်း ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ရပ်မတိုင်ခင်ကလည်း ထိုဆိုင်တွင်ပင် စိတ်မရှည်သော စားသုံးသူမှ ဆင်းဒွစ်ရောင်းချသူဝန်ထမ်းအား " ကြာလွန်းသည် " ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်မှုဖစ်ပွားခဲ့သည်။

Gabriel
Source - https://www.scmp.com/news/world/united-states-canada/article/3036480/us-man-stabbed-death-fight-while-queuing-famed


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။