ဘယ်တော့မှ ထုတ်မပြသင့်တဲ့ အတွင်းရေး (၃) ခု

ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာဟာ လူမှုဆက်ဆံရေးမှာ ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ အမြဲတမ်း အရာအားလုံးကိုတော့ ထုတ်မပြောသင့်ပါဘူး။ အခြေအနေအချိန်အခါနဲ့ လူကို ရွေးတတ်ဖို့လည်း လိုပါသေး တယ်။ လူတိုင်းမှာ ထုတ်မပြသင့်တဲ့ အတွင်းရေးဆိုတာတွေ ရှိုကြပါတယ်။ အဲဒါကြောင့် လူတိုင်းကို ထုတ်မပြော သင့်တဲ့၊ ထုတ်မပြသင့်တဲ့ အတွင်းရေးတွေထဲမှာ အောက်မှာဖော်ပြထားတဲ့ အချက် (၃) ခုလည်း ပါဝင်ပါတယ်။

၁။ ဝင်ငွေ


Photo Credit: Freepik

ဘယ်သူက ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတာ သိချင်ကြတဲ့သူတွေ များပါတယ်။ သူများတကာရဲ့ ဝင်ငွေကို မေးမြန်းချင်းဟာ လူမှုရေးမသိတတ်ရာ၊ စပ်စုလွန်းရာကျတာကြောင့် ထုတ်မမေးသင့်သလို၊ သင့်ရဲ့ဝင်ငွေကို လည်း ထုတ်မပြောသင့်ပါဘူး။ လူတိုင်းဟာ ကိုယ့်အခြေအနေနဲ့ ကိုယ်ပါပဲ။ နောက်ပြီး လူတိုင်းကိုလည်း မယုံ ကြည်သင့်ပါဘူး။ သင့်အနေနဲ့ ဝင်ငွေဘယ်လောက်ရှိတယ် ဆိုတဲ့ကိစ္စဟာ စစ်မှန်တဲ့ပေါင်းသင်းဆက်ဆံရေးမှာ အရေးမပါပါဘူး။ အဲဒါကြောင့် သင့်ရဲ့ဝင်ငွေကို ဘယ်တော့မှထုတ်မပြပါနဲ့။ အထူးသဖြင့် လူမှုကွန်ယက်လို လူပေါင်းစုံနေတဲ့ နေရာမျိုးမှာ သင့်ဝင်ငွေကို ဘယ်တော့မှမကြော်ငြာပါနဲ့။

၂။ အချစ်ရေး/အိမ်တွင်းရေး


Photo Credit: Freepik

သင့်ရဲ့အချစ်ရေး/အိမ်တွင်းရေးကိစ္စဟာလည်း တော်ရုံလူကို ထုတ်မပြသင့်တဲ့ အတွင်းရေးတွေထဲမှာ ပါဝင်ပါတယ်။ သင့်အချစ်ရေး/ အိမ်တွင်းရေးဆိုတာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုပါ။ အဲဒါကြောင့် အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကို တိုင်ပင်တာကလွဲရင် တော်ရုံလူကို ပြောပြနေစရာမလိုပါဘူး။ အရေးကြီးဆုံး ကတော့ အချစ်ရေး/အိမ်တွင်းရေးကိစ္စကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူမှုကွန်ယက်မှာ သိပ်မထုတ်ပြဖို့ပါပဲ။ လူအမျိုးမျိုး၊ စိတ်အထွေထွရှိပါတယ်။ နောက်ကွယ်ကနေ သင့်ကို မနာလိုသူ၊ မလိုမုန်းထားသူတွေလည်း ရှိနေနိုင်တာကို သတိထားပါ။ အချစ်ရေး/အိမ်တွင်းရေးဟာ သင်ထိန်းသိမ်းထားရမယ့် သင့်ရဲ့ ကိုယ်ရေးကိုယ်တာတစ်ခု ဖြစ်ပါတယ်။

၃။ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်း


Photo Credit: Freepik

လူတိုင်းရဲ့ဘဝမှာ သူ့အစီအစဉ်နဲ့ သူ ရှိပါတယ်။ သင့်မှာ ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်ထားတာတွေ ရှိနေမှာပါပဲ။ အဲဒီလို သင့်ရဲ့ရှေ့ဆက်မယ့်ခြေလှမ်းတွေဟာလည်း ဘယ်သူ့ကိုမှ ထုတ်မပြသင့်တဲ့ အတွင်းရေးတစ်ခု ဖြစ်ပါ တယ်။ ရှေ့ကအချက်တွေမှာ ပြောခဲ့သလိုပါပဲ၊ လူတိုင်းမယုံရပါဘူး။ သင့်ကို မနာလိုမုန်းထားသူတွေလည်း ရှိနေ နိုင်ပါတယ်။ ဒါ့ပြင် သင့်ရဲ့အစီအစဉ်တွေကို ဖြစ်မြောက်မလာသေးဘဲ တခြားသူတွေကို လျှောက်ပြောနေမယ့် အစား တကယ်အောင်မြင်တဲ့အခါကျမှ လူသိစေတာ ပိုကောင်းပါတယ်။ အရင်နှုတ်ဖွာထားပြီးမှ တကယ် ဖြစ်မလာခဲ့ရင် သင့်အတွက်မကောင်းပါဘူး။


by Katie Scarlett



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။