Miss Universe National Costume ဆု မှားယွင်းပေးမှု ဖြစ်ပွား

၂၀၁၉ Miss Universe ပြိုင်ပွဲရဲ့ Best National Costume Winner ဟာ Miss Malaysia ရဲ့ Peranakan inspired outfit က ရရှိသွားတယ်ဆိုပြီး ပွဲမှာကြေငြာခဲ့ပါတယ်။ Miss Universe ရဲ့ Official Twitter Page မှာလည်း မလေးရှားက ရရှိသွားတယ်ဆိုပြီး တင်ခဲ့ပါတယ်။ အခုတော့ ပြန်ဖျက်လိုက်ပါပြီ။


တကယ့် winner က Miss Philippines Gazini Ganados ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ကြလဲဆိုတော့ Segment မှာပြတုန်းကတော့ Miss Philippines ရဲ့တလတ်လတ်ဖြစ်နေတဲ့ ဝတ်စုံကို ပြထားတာပါပဲ။ ဒါကြောင့် Host ဖြစ်သူ Harvey ကလည်း Ganados ဟာ Best Costume Winner ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။


ဒါပေမဲ့ winner ကိုမိတ်ဆက်ပေးဖို့ကြည့်လိုက်တဲ့အချိန်မှာကျတော့ Harvey နားမှာ မလေးရှား Miss က ရောက်နေခဲ့ပြီး winner က သူဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Harvey နဲ့အခြားသူတွေကလည်း Miss မလေးရှား ရဲ့ဝတ်စုံရတယ်လို့ပဲထင်ပြီး ဒီတိုင်းကြည့်နေခဲ့ကြပါတယ်။ Miss မလေးရှားကလည်း သူရတယ်ပဲ ထင်နေခဲ့ပါတယ်။


ဒါပေမဲ့ ပွဲပြီးလို့ ၄နာရီလောက်ကြာတဲ့အခါမှ ပွဲစီစဉ်သူတွေက twitter မှာ ပို့စ်အသစ်တင်ခဲ့ပါတယ်။ Miss ဖိလစ်ပိုင်ရဲ့ဝတ်စုံကသာ တကယ် winner ဖြစ်ကြောင်းပေါ့။ ဒါပေမဲ့ သူတို့ရဲ့မှားယွင်းမှုကိုတော့ မတောင်းပန်ထားပါဘူး။ ဒါကြောင့် Fan တွေက အရမ်းကို ဒေါသထွက်နေကြပါတယ်။


ဘာပဲဖြစ်ဖြစ် စီစဉ်သူတွေဘက်က မှားယွင်းခဲ့တယ်ဆိုရင်တောင် Miss Malaysia ကို ဒုတိယနေရာတော့ ပေးသင့်ကြောင်း ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။ အခုလို မှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလုံးရဲ့ ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။


Ref; missuniversetwitter