အက်ရှ်တန်ချန်း နှင့် စတိဗ် ဟို ( သို့မဟုတ် ) ရှောင်လုံ နှင့် ရှောင်ကျန်း ညီနောင်

အက်ရှ်တန် ချန်း နဲ့ စတိဗ်ဟို တို့ကို ကျွန်တော်တို့ စသိခဲ့တော့ Shaolin Popey ဆိုတဲ့ ရုပ်ရှင်ကားနဲ့ပါ။ ကွန်ဖူးကျွမ်းတဲ့ မှင်စာလေးနှစ်ကောင်က လူကြီးတွေနဲ့ ယှဉ်ဖိုက်တဲ့ဇာတ်ကားပေါ့။ အဲဒီကားထဲက ကတုံးလေးနှစ်ယောက် ဟာ ငယ်ငယ်တုန်းက ကျွန်တော်တို့အတွက်တော့ inspired ဖြစ်တဲ့ စူပါဟီးရိုးနှစ်ယောက်ဖြစ်ခဲ့တယ်။


Image Credit - youku.com

အက်ရှ်တန်ချန်း က ၁၉၈၈၊ ဇန်နဝါရီ ၆ မှာမွေးတာဆိုတော့ လက်ရှိမှာ ချန်း က အသက် ( ၃၁ ) နှစ်ရှိပြီ။ စတိဗ်ဟို လို့ခေါ်တဲ့ ရှောင်ဝမ်ဟို ( Shao Wen Hao - ဝတုတ်လေး ) က ၁၉၉၀၊ ဇန်နဝါရီ ( ၄ ) ဆိုတော့ ၂၉ နှစ်ရှိပြီပေါ့။ သူတို့နှစ်ယောက်စလုံး အခုအချိန်အထိ အနုပညာလုပ်ငန်းတွေနဲ့ အဆက်အသွယ်မပြတ်ကြသေးပါဘူး။ နှစ်ယောက်စလုံးက အနုပညာလုပ်ငန်းနဲ့အဆက်မပြတ်ကြပေမယ့် နောက်ပိုင်းရိုက်သမျှကားတွေက အရင်ကားတွေရဲ့ အောင်မြင်မှုကို မကျော်နိုင်သေးတာတော့ သူတို့အတွက် မတင်မကျဖြစ်စရာပါပဲ။


Image Credit - mydramalist.com

ဟို က ထိုင်ဝမ် မှာနေပြီး အဆိုတော်၊ ဒါရိုက်တာ နဲ့ အနုပညာလုပ်ငန်းတွေလုပ်နေသလို ချန်း က လည်းပြည်မကြီးမှာနေပြီး အနုပညာလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ ငယ်ငယ်တုန်းက ခင်ခဲ့ကြတဲ့ညီအစ်ကိုနှစ်ယောက်လက်ရှိမှာတော့ ပြည်မကြီး နဲ့ ထိုင်ဝမ်မှာ အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်နေကြလေရဲ့။


Image Credit - rarefilm.net

Image Credit - pulsk.net

TikiTiki







we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။