တစ်လမပြည့်ခင်မှာ ဒေါ်လာ သန်း ၁၀၀၀ ကျော် ဝင်ငွေရရှိခဲ့တဲ့ Disney ရဲ့ “Frozen 2”

ရုံတင်ပြသတဲ့ ပထမအပတ်ကတည်းက ပွဲဦးထွက်လှခဲ့တဲ့ “Frozen 2” ရုပ်ရှင်ဟာ အခုဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဝင်ငွေ ၁ ဘီလျံ ကျော်သွားခဲ့ပါပြီ။ “Frozen 2” ကို နိုဝင်ဘာ ၂၂ ရက်ကစလို့ ရုံတင်ပြသခဲ့တာ ဖြစ်ပြီး အခုဆိုရင် အချိန် ၃ ပတ် ကျော်သွားပြီ ဖြစ်ပါတယ်။

Photo Credit: Pinterest

အခုဆိုရင် “Frozen 2” ဟာ ၂၀၁၉ ခုနှစ်အတွင်း ပြသခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ၈ ကားမြောက် ဝင်ငွေအမြင့်ဆုံး ဇာတ်လမ်းအဖြစ် နေရာယူထားသလို ခေတ်အဆက်ဆက် ဝင်ငွေအကောင်းဆုံးရုပ်ရှင်တွေထဲမှာ အဆင့် ၃၈ နေရာက ရပ်တည်နေပါတယ်။ ဒါ့ပြင် Frozen 2 ဟာ ၂၀၁၉ ခုနှစ်အတွင်း Disney က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေ ထဲမှာ ၁ ဘီလျံကျော်ခဲ့တဲ့ ၆ ကားမြောက် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

Photo Credit: Pinterest

၂၀၁၉ ခုနှစ်အတွင်းမှာ Disney က ထွက်ရှိခဲ့တဲ့ Avengers: Endgame, Aladdin, Toy Story 4, The Lion King နဲ့ Captain Marvel ရုပ်ရှင်တွေဟာ ဝင်ငွေ ၁ ဘီလျံကျော်ခဲ့တဲ့ ဇာတ်လမ်းတွေချည်း ဖြစ်ပါတယ်။ အခုဆိုရင် Frozen 2 ကပါ ၂၀၁၉ ခုနှစ်အတွက် ၁ ဘီလျံကျော်သွားတဲ့ Disney ရဲ့ ၆ ခုမြောက်ရုပ်ရှင် အဖြစ် ပါဝင်လာပါပြီ။

Photo Credit: www.marketwatch.com    

အဲဒီရုပ်ရှင် ၆ ကားကြောင့် Disney ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာတင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဝင်ငွေ ၁၀ ဘီလျံ ကျော်သွားခဲ့ပါပြီ။ အဲဒါကြောင် အခုဒီဇင်ဘာလအစောပိုင်းမှာပဲ Disney ဟာ သမိုင်းကြောင်း တစ်လျှောက်မှာ ဝင်ငွေ ၁၀ ဘီလျံ ကျော်လွန်သွားခဲ့တဲ့ ပထမဆုံး ရုပ်ရှင်စတူဒီယိုလည်း ဖြစ်လာခဲ့ပါပြီ။

Photo Credit: www.marketwatch.com    

Photo Credit: Pinterest 

အခုလက်ရှိအချိန်အထိ Frozen 2 ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၀၃၃ ဘီလျံ ဖြစ်ပါတယ်။ Disney ပိုင် Marvel Entertainment ရဲ့ Avengers: Endgame ရုပ်ရှင်ဆိုရင်လည်း အမေရိကန်ဒေါ်လာ ၂.၇၉၈ ဘီလျံ ရရှိခဲ့ပြီး လက်ရှိအချိန်မှာ ခေတ်အဆက်ဆက်ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်နေပြီ ဖြစ်ပါတယ်။

Photo Credit: Pinterest

လာမယ့် ၂၀၂၀ ပြည့်နှစ်မှာလည်း Disney အနေနဲ့ ဘယ်လိုရုပ်ရှင်ဇာတ်လမ်းမျိုးတွေနဲ့ ဝင်ငွေတွေ ထပ်ရဦးမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ပါပဲ။

Photo Credit: Pinterest
Ref; Wikipedia, Variety


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။