တစ်ပါတ်အတွင်း ဗိုက်ခေါက်ပျောက်ချင်ရင် ဒီဖျော်ရည်လေး သောက်ကြည့်ပါ. . .

ဘယ်လိုနည်းလမ်းကောင်းလေးလဲဆိုတော့ ညအိပ်ရာမဝင်ခင်ဖျော်ရည်သောက်ပေးရမှာပါ....။

ဘာဖျော်ရည်သောက်ပေးရမလဲဆိုတာကို ကြည့်ကြရအောင်.....။


ဖျော်ရည်လုပ်ဖို့လိုအပ်တဲ့အရာတွေကတော့.... ဂျင်း၊ ရှောက်သီး၊ သခွားသီး နဲ့ နံနံပင်ပါ....။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဂျင်းကို စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက် ခြစ်ပါ....။ ပြီးရင် ရှောက်သီးကို အလယ်ကနေထက်ခြမ်း၊ သခွားသီးတစ်ဝက်ကို ပါးပါးလေးတွေလှီး၊ နံနံပင်ကိုလည်းနည်းနည်းလှီးလိုက်ပါ....။


ပြီးရင် Blender ထဲကို ရေနည်းနည်းထည့်၊ ခုနကခြစ်ထားတဲ့ဂျင်းထည့်၊ ရှောက်သီးတစ်ခြမ်းညှစ်ထည့်ပြီး ခုနကလှီးထားတဲ့ သခွားသီး နဲ့ နံနံပင်ပါထည့်ပြီးမွှေပါ။ ပြီးရင်တော့ ခွက်ထဲထည့်ပြီးသောက်လို့ရပါပြီ။


ဒီဖျော်ရည်ကို တစ်ပတ်လုံး နေ့တိုင်း ညအိပ်ယာမဝင်ခင်မှာသောက်ပေးရင်တော့ သင့်ရဲ့ဗိုက်မှာရှိနေတဲ့အဆီတွေက သိသိသာသာလျော့ကျသွားမှာပါ.....။


ဒီဖျော်ရည်ကို ရေခဲသေတ္တာထဲထည့်ပြီး နှစ်ရက်လောက်သိမ်းထားလို့ရပါတယ်နော်.....။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။