တစ်နေ့(၂)ခွက်သောက်ရုံနဲ့ တစ်ပတ်အတွင်း ဗိုက်ချပ်သွားစေမယ့် ဖျော်ရည်

သင့်ရဲ့ခေါင်းမာလှတဲ့ ဗိုက်ခေါက်ကြီးကို အဆီချဖို့ အခက်အခဲတွေ့နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးကြည့်သင့်တယ်နော်။ လေ့ကျင့်ခန်းလည်းလုပ်တယ်၊ အစာလည်းလျှော့စားတယ်၊ ဒါတောင် ဝိတ်ကမကျနိုင်ဘူးဆိုတဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ။ ဟော်မုန်းကြောင့်ပဲဝဝ၊ မျိုးရိုးဗီဇကြောင့်ပဲဝဝ နေ့စဉ် ကျန်းမာတဲ့စားသောက်နေထိုင်ပုံနဲ့အတူ ဒီဖျော်ရည်ကို တွဲသောက်ပေးမယ်ဆိုရင် ၇ ရက်အတွင်း သိသာတဲ့ ရလဒ်ကို ရမှာပါ။


ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း (၁) စွန်း

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း (၂) စွန်း

လတ်ဆတ်သော ဂရိတ်ဖရုသီး အရည် (၁) ခွက်

(ဂရိတ်ဖရုမရှိရင် ကမ္ဗလာသီးအရည်လည်း သုံးလို့ရပါတယ်။)


ပြုလုပ်ပုံကတော့ အရမ်းလွယ်ပါတယ်။ သုံးမျိုးလုံးကို ရောလိုက်ရုံပါပဲ။ ဖျော်ရည်ကို နေ့လည်စာ (သို့မဟုတ်) ညစာ မစားခင်မှာ သောက်ပေးပါ။ တစ်ပတ်လောက် ပုံမှန်သောက်ပါ။ တကယ်လို့ တစ်ပတ်နဲ့ သိပ်အားမရသေးဘူးဆိုရင် နောက်တစ်ပတ်ထပ်သောက်ပါ။

ဒီဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေပြေစေပြီး အဆီပိုတွေကို ကူညီချေဖျက်ပေးပါတယ်။ ရေဓာတ်ပြည့်စေပြီး ဦးနှောက်နဲ့ အမြင်အာရုံကို ကြည်လင်စေပါတယ်။ ဒီဖျော်ရည်က သင့်ရဲ့ဝိတ်ချနေတဲ့ အစီအစဉ်ကို အားပေးရုံသက်သက်ဖြစ်တဲ့အတွက် ခါတိုင်း သင်လုပ်နေကျအတိုင်း အစားလျှော့စားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့တော့ လိုပါတယ်။


Ref; topbuzz.com

Photo Credit; freepik


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။