ခြေသည်းမှိုစွဲခြင်းကို ထိထိရောက်ရောက်ပျောက်ကင်းစေမယ့် ပန်းသီးရှာလကာရည်

(သင့်မှာ ဆီးချိုရောဂါရှိတယ် ဆိုရင်တော့ ဒီနည်းလမ်းက မသင့်တော်ပါဘူးလို့ ကြိုပြောပါရစေ။)

ထိရောက်တဲ့ရလဒ်ရဖို့ အရင်ဦးဆုံး ခြေချောင်းလေးတွေကို သေချာဆေးပါ။ ခြေသည်းတွေရှည်နေရင် ညှပ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းစိမ်မယ့်ရေကို စတင်ပြင်ဆင်ပါမယ်။

Image result for toenail fungus

ရှာလကာရည်ဖျော်စပ်ပုံ

- ရှာလကာရည် (၁)ခွက်၊ ရေ (၂) ခွက်ထည့်ပါ။

- သင့်ခြေထောက်အသားအရေက ဒဏ်ခံနိုင်တယ်ဆိုရင်တော့ ရှာလကာရည်နဲ့ရေကို အချိုးတူထည့်ပါ။

Related image

ခြေချောင်းစိမ်နည်း

- ခြေချောင်းစိမ်မယ့် ပန်းကန်လုံး(သို့)ဇလုံထဲကို ရေနွေး (၄)ခွက်ထည့်ပါ။ 

- ရှာလကာရည်နဲ့ရေ အရော နှစ်ခွက်ထည့်ပါ။ 

- ဇလုံထဲကရေက ခြေချောင်းလေးတွေကို မဖုံးသေးဘူးဆိုရင် ရှာလကာရည်နဲ့ရေ အရော နောက်တစ်ခွက် ထပ်ထည့်ပါ။

- ခြေမ နှစ်ချောင်းလုံးကို ဇလုံထဲမှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်စိမ်ထားပါ။

- ပြီးရင်တော့ ခြေချောင်းတွေကို ရေခြောက်အောင် သုတ်ပါ။

- တစ်နေ့(၂)ကြိမ် ပြုလုပ်ပါ။

(စိမ်ပြီးရင် ခြေချောင်းလေးတွေကို သေချာခြောက်အောင် သုတ်ဖို့ မဖြစ်မနေလိုပါတယ်နော်။ မှိုတွေက စိုစွတ်မှုကို ကြိုက်လို့ပါ။)

Related image

ပျောက်ဖို့ဘယ်လောက်ကြာလဲ?

မှိုစွဲတဲ့ အနေအထားပေါ်မူတည်ပါတယ်။ ပြီးတော့ ဒီရောဂါဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတဲ့ အပေါ်လည်း မူတည်ပါတယ်။ အခုမှ စစဖြစ်ချင်းဆိုရင်တော့ ပျောက်တာ မြန်မှာပါ။ ဖြစ်တာကြာပြီဆိုရင် ပျောက်ဖို့လည်း ကြာမှာပါ။ ရက်သတပတ် များစွာလည်း ကြာသွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပတ်အနည်းငယ်ကြာပြီးရင်တော့ သက်သာလာတာကို တွေ့ရမှာပါ။ 

တကယ်လို့ အမြဲတမ်းလုပ်ဖို့ မအားဘူးဆိုရင် ရှာလကာရည်ထဲကိုပဲ တိုက်ရိုက်စိမ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ သင်က ထိခိုက်လွယ်တဲ့ အသားအရေမျိုးဆိုရင်တော့ မလုပ်ပါနဲ့။


Ref; ostomylofestyle.org


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။