အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကိုတွေ့ရှိသွားကြတဲ့ Disney မင်းသမီးလေးများ

Disney ကာတွန်းတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးလေးတွေဟာ ဘဝနေထိုင်မှု အမျိုးမျိုးကနေ အချစ်စစ်ကို တွေ့ရှိသွားကြတယ်။ ပြီးတော့ တစ်သက်လုံး ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်းဆိုပြီး အဆုံးသတ်တယ်။ 

Related image

သူတို့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းလေးတွေက အသက်ငယ်တုန်းမှာတော့ အရမ်းကို ကြည်နူးအားကျစရာပါပဲ။ ဒါပေမဲ့ ကြည့်ရှုသူတွေ တကယ်အရွယ်ရောက်လာတဲ့အခါမှာ အဲဒီနတ်သမီးပုံပြင်တွေရဲ့ မယုံနိုင်စရာထူးခြားချက်တွေကို သတိထားမိစရာ ဖြစ်လာပါတယ်။

အံ့သြသင့်စရာ ကောင်းတဲ့ တစ်ချက်ကတော့ မင်းသမီးလေးတွေရဲ့ အသက်ပါပဲ။ တကယ့်လက်တွေ့ဘဝမှာ လူငယ်တွေ တရားဝင် အရက်သောက်ခွင့်တောင်မရှိသေးတဲ့ အရွယ်မှာ ဒစ္စနေးမင်းသမီးလေးတွေဟာ အချစ်စစ်ကို တွေ့ရှိနေကြပြီ၊ ဘဝရဲ့အကြီးမားဆုံး ဆုံးဖြတ်ချက်တွေချနေကြပြီ။ 

Image result for age of disney princesses

ဇာတ်လမ်းရေးတဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးတာလဲတော့မသိဘူး။ စနိုးဝှိုက် (အသက် ၁၄)၊ အာလာဒင်မင်းသမီး ဂျက်စမင်း (အသက် ၁၅)၊ ရေသူမလေး အေရီယယ် (အသက်၁၆)၊ Sleeping beauty အော်ရိုရာ (အသက် ၁၆)၊ မူလန် (အသက် ၁၆)၊ Brave မင်းသမီး မယ်ရစ်ဒါ (အသက် ၁၆)၊ Beauty and the beast မင်းသမီး ဘဲလ် (အသက် ၁၇)၊ ပိုကာဟွန်းတက်စ် (အသက် ၁၈)၊ ဆံနွယ်ရှည်မင်းသမီး ရပွန်ဇယ် (အသက် ၁၈)၊ စင်ဒရဲလား (အသက် ၁၉)၊ ဖားမင်းသမီး တီအားနား (အသက် ၁၉) ပါတဲ့။ 

နောက်ပြီး မူလန်၊ မယ်ရစ်ဒါနဲ့ ပိုကာဟွန်းတက်စ်တို့ကလွဲရင် ကျန်တဲ့ မင်းသမီးတွေက နောက်ဆုံးမှာ မင်းသားနဲ့ပေါင်းဖက်သွားကြတာချည်းပဲ။ ဒီလောက်အသက်ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းပြီး အိမ်ထောင်ပြုသွားကြတာဟာ တကယ်တမ်း လက်တွေ့သိပ်မကျဘူးမဟုတ်လား။ ဘဝကြီးက အိမ်ထောင်ပြုလိုက်ရင် ပြီးသွားပြီလို့ ကလေးတွေထင်မှတ်သွားရင် ဒုက္ခပါပဲ။ 

Image result for age of disney princesses

ခေတ်အခါလည်း ခြားနားလို့ ဖြစ်ကောင်းဖြစ်မှာပေါ့လေ။ ဒီနေ့လို သင်ယူစရာတွေများလွန်းလှတဲ့ခေတ်မှာ လူငယ်တွေဟာ ကိုယ့်တိုးတက်လမ်းရှာနေတာနဲ့တင် သမီးရည်းစားကိစ္စတွေကို ထင်သလောက် အချိန်မပေးနိုင်ကြတော့ပါဘူး။ မင်မင်ထင်ပါတယ်။ ဒစ္စနေးမင်းသမီးလေးတွေဟာ ဒီခေတ်မှာ မမွေးဖွားခဲ့ရလို့ စောစောစီးစီး ယောက်ျားရသွားကြတာပဲ ဖြစ်မယ်။


Ref; huffpost.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။