တရုတ်ခရီးသွားအမျိုးသမီးနှစ်ဦးမှ နေ့ခင်းကြောင်တောင်ခွေးခိုးယူမှု ဖြစ်ပွား

ဒီဇင်ဘာ ၁၉၊ ၂၀၁၉၊ ရှန်ဟိုင်း။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ရှိ လူစည်ကားသော လမ်းမကြီးတစ်နေရာတွင် အမျိုးသမီးနှစ်ဦး ခွေးတစ်ကောင်ဖြင့် အလုပ်ရှုပ်နေကြ၏။ တစ်ယောက်မှာ ဟိုဒီကြည့်နေသည်။ နောက်တစ်ယောက်ကတော့ အဝါရောင် ခွေးလေးတစ်ကောင်ကို လည်ပင်းမှ တရွတ်တိုက်ဆွဲလာ၏။ ခွေးကိုကြည့်ရသည်မှာ အမျိုးသမီးနှစ်ဦးနောက် လိုက်ချင်ပုံမရချေ။ အရွယ်အစားကြီးလွန်းသော ခွေးကို မနိုင့်တနိုင်ဖြင့် စီချွမ်လမ်းမကြီးတစ်လျှောက် တရွတ်ဆွဲလာပုံကို ထိုမှတ်တမ်းတွင် တွေ့နိုင်သည်။


Image Credit - dailymail.co.uk / jiangsu radio and broadcasting group

Image Credit - dailymail.co.uk / jiangsu radio and broadcasting group

Image Credit - dailymail.co.uk / jiangsu radio and broadcasting group

Image Credit - dailymail.co.uk / jiangsu radio and broadcasting group

ထိုပုံရိပ်များမှာ ခွေးကို နေ့ခင်းကြောင်တောင်ကြီး Pet Shop တစ်ခုရှေ့မှ ခိုးယူသွားသေ အမျိုးသမီးနှစ်ယောက်ဖြစ်သည်။ ခွေးခိုးခံရသော ပိုင်ရှင်မှ ကျန်းစုရေဒီယိုဌာသို့အကြောင်းကြားလိုက်ပြီးနောက် ရဲများက စီစီတီဗီပုံရိပ်များမှတဆင့် ထိုအမျိုးသမီးနှစ်ယောက်ကို အချိန်တိုအတွင်းဖမ်းမိခြင်းဖြစ်သည်။ ရဲစခန်း၏ အဆိုအရ အမျိုးသမီးနှစ်ဦးမှာ အရက်သောက်ထားပုံရပြီး မူးယစ်နေသည်ဆို၏။


Image Credit - dailymail.co.uk / jiangsu radio and broadcasting group

အမျိုးသမီးနှစ်ဦးထဲမှ ခွေးကို ခိုးယူသူ၏ အမည်မှာ လူ ဟုသိရပြီး ခွေးမှာ ချစ်စရာကောင်းလွန်းသောကြောင့် ယူဆောင်သွားခြင်းဖြစ်ပါသည် ဟု အမျိုးသမီးတို့က ထွက်ဆိုသည်။ ခွေးမှာ ဂျပန်ပြည်ပေါက် အကီတာအီနူး ( Akita Inu ) အမျိုးအစားဖြစ်ပြီး တစ်ကောင်လျှင် ၄၅၀၀ ယွမ် ( ၄၈၈ ပေါင် ) တန်သော ခွေးအမျိုးအစားဖြစ်သည်။ ဂျပန်ပြည်ပေါက် အကီတာအီနူးခွေးလေးများမှာ  အဝါရောင်၊ အဖြူရောင် နှင့် အနက်ရောင် အသီးသီးရှိသော ခွေးများဖြစ်သည်။


Image Credit - dailymail.co.uk / jiangsu radio and broadcasting group / volofin@shutterstock

ယခုအခါ အမျိုးသမီးနှစ်ယောက်ကို ရဲစခန်းမှ ခံဝန်ဖြင့် ပြန်လွှတ်ပေးထားပြီး စောင့်ကြည့်စာရင်းထဲတွင် ထည့်သွင်းထားသည်။ ထို့ပြင် အမျိုးသမီးနှစ်ယောက်ကို ထို Pet Shop တွင် ဝယ်ယူခွင့် ရာသက်ပန်ပိတ်ပင်ထားပြီး ခွေး၏ နာကျင်ထိခိုက်မှုအတွက် ယွမ် ၂၀၀၀ အလျော်ပေးရန် ဆိုင်ရှင်က တောင်းဆိုထားသည်။


Image Credit - dailymail.co.uk / jiangsu radio and broadcasting group

အရှေ့တောင်အာရှနိုင်ငံများထဲတွင် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တောင်ကိုရီးယားတို့မှာ ခွေးသားစားသုံးမှုမြင့်မားသောနိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံတွင် ကျင်းပမြဲဖြစ်သော ကျီလင် ခွေးသားစားပွဲတော်ကြောင့် နှစ်စဉ်ခွေးကောင်ရေ နှစ်သိန်းမှ သုံးသိန်းကြားသေဆုံးနေရသည်။ ခွေးများကို မညှာမတာပြုမူသောကြောင့် တိရိစ္ဆာန်ချစ်သူများမှ ထိုပွဲတော်ကို ထာဝရပိတ်သိမ်းပေးရန် လက်မှတ်ထိုးတောင်းဆိုမှုများ ရှိနေသည်။

TikiTiki

Source - dailymail.co.uk ( https://www.dailymail.co.uk/news/article-7801309/Two-tourists-steal-pet-dog-broad-daylight-cute.html?fbclid=IwAR2Zt4FzeUujVRf-5CJen6bbAzTIj__iO2kNMjit9267FtyMh1YeEgJxbxE )

( WE would like to thank and credit Ms. Tracy Liu for allowing us to use and express this article on our media. )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။