ရိုးရှင်းပေမဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ လုပ်ရပ်များ

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေက ကမ္ဘာကြီးနဲ့ လူသားတွေကို တဖြည်းဖြည်းချင်း အန္တရာယ်ပေးနေပြီဆိုတာကို လူတိုင်းသိထားကြမှာပါ။ အဲဒီလိုသဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လေထု ညစ်ညမ်းမှု၊ ရေချိုတွေနည်းပါးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှု တွေဟာ စွန့်ပစ်အမှိုက်တွေများပြားလာခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလွန်းလာခြင်းတို့ကလည်း အဓိကနေရာက ပါဝင်နေပါတယ်။

Photo Credit: Freepik

အခုချိန်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အသိတရားရှိသူတွေဟာ ကမ္ဘာကြီးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်ဖို့အတွက် ကြိုးစားအားထုတ်နေကြ ပါတယ်။ အဲဒီလိုကြိုးစားအားထုတ်မှုဟာ ကြီးကြီးကျယ်ကျယ်ဖြစ်မှ မဟုတ်ပါဘူး။ ပလတ်စတစ် လျှော့သုံးခြင်းနဲ့ စွန့်ပစ်အမှိုက်နည်းပါးစေခြင်းတို့လို ရိုးရှင်းတဲ့ အပြုအမူတွေကလည်း ကမ္ဘာကြီးကိုကယ်တင်ရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။


Photo Credit: Freepik

အဲဒါကြောင့် ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းက ကယ်တင်ရာရောက်တဲ့၊ ကမ္ဘာတစ်ဝန်းက စံနမူနာယူလောက် စရာ ရိုးရှင်းတဲ့ လုပ်ရပ်နဲ့ အပြုအမူတချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ နာမည်ကျော် Adidas ဖက်ရှင်လုပ်ငန်းဟာ နှစ်စဉ် recycled လုပ်ထားတဲ့ ပလတ်စတစ်တွေနဲ့ ဖန်တီးထားတဲ့ sneaker ဖိနပ်ပေါင်း ၁၁ သန်း ဝန်းကျင်ကို ထုတ်လုပ်လေ့ရှိပါတယ်။ ဖိနပ်တစ်ရံမှာ ပလတ်စတစ်ဗူး ၁၁ ကို အသုံးပြုထားပါတယ်။


Photo Credit: Brightside

၂။ နှစ်စဉ်နှစ်တိုင်း ကော်ဖီထုပ်ခွံပေါင်း သန်းနဲ့ချီအောင် စွန့်ပစ်အမှိုက်တွေ ဖြစ်သွားလေ့ရှိပါတယ်။ ဆွီဒင်နိုင်ငံ က Velosophy လုပ်ငန်းကတော့ အဲဒီလိုကော်ဖီထုပ်အခွံနဲ့ စွန့်ပစ်အမှိုက်တွေကို recycled ပြန်လုပ်ပြီး စက်ဘီး တွေ ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။


Photo Credit: Brightside

၃။ တချို့သောနိုင်ငံတွေက ဈေးသည်တွေ၊ ကုန်စုံဆိုင်တွေဟာ ကုန်ပစ္စည်းတွေ ထုပ်ပိုးဖို့ ပလတ်စတစ်အိတ် အစား စက္ကူအိတ်၊ ငှက်ပျောဖက်နဲ့ အဝတ်အိတ်တွေကို အသုံးပြုလာကြပါတယ်။


Photo Credit: Brightside

၄။ တချို့နိုင်ငံတွေမှာ တစ်ခါသုံးရေဗူးတွေအစား ရေပြန်ဖြည့်နိုင်တဲ့ စက်တွေ ထားပေးထားပါတယ်။ အဲဒါကြောင့် အများပြည်သူအနေနဲ့ ကိုယ်ပိုင်ရေဗူးအလွတ်ကို သွားလေရာသယ်သွားပြီး အဲဒီစက်တွေကနေ တဆင့် သောက်ရေဖြည့်နိုင်ပါတယ်။


Photo Credit: Brightside

၅။ ကုန်စုံဆိုင်နဲ့ ကုန်တိုက်တွေမှာ ဈေးဝယ်တဲ့အခါ ထည့်ပေးလေ့ရှိတဲ့ တစ်ခါသုံးပလတ်စတစ်အိတ်တွေကို အသုံးပြုမယ့်အစား မိမိသွားလေရာကို အဝတ်အိတ်လေးတစ်အိတ် ထည့်ယူသွားသင့်ပါတယ်။


Photo Credit: Brightside

၆။ ချက်ဇ်နိုင်ငံမှာ ခေါင်းလျှော်ရည်နဲ့ ရေချိုးဆပ်ပြာရည် ဖြည့်ပေးတဲ့ စက်တွေကို ထားရှိထားပါတယ်။ အဲဒါကြောင့် ခေါင်းလျှော်ရည်နဲ့ ရေချိုးဆပ်ပြာဗူးတွေကို စွန့်ပစ်စရာမလိုတော့ဘဲ တစ်ဗူးတည်းမှာပဲ ပြန်ပြန် ဖြည့်ပြီးအသုံးပြုနိုင်ပါတယ်။


Photo Credit: Brightside

၇။ ၂၀၁၆ ခုနှစ်မှာ ပြင်သစ်အစိုးရဟာ သူတို့နိုင်ငံ စူပါမားကတ်တွေကို ဥပဒေတစ်ခုထုတ်ခဲ့ပါတယ်။ အဲဒါကတော့ အသင့်စားအစားအစာတွေ စွန့်ပစ်ခြင်းကိုတားမြစ်တာပဲ ဖြစ်ပြီး မရောင်းရတဲ့ အစားအစာတွေကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းစေခဲ့ပါတယ်။


Photo Credit: Brightside

၈။ ဂျပန်နိုင်ငံမှာရှိတဲ့ နာမည်ကျော် KitKats စားသောက်ကုန်ဟာ သူတို့ထုတ်ကုန်တွေကို ပလတ်စတစ်အိတ် အစား စက္ကူအိတ်တွေနဲ့ ပြောင်းလဲထုပ်ပိုးခဲ့ပါတယ်။


Photo Credit: Brightside

၉။ ရေချိုးဆပ်ပြာရည်ဟာ ဆပ်ပြာတုံးတွေထက်စာရင် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ပိုကောင်းတာမှန်ပေမဲ့ ရေချိုးဆပ်ပြာရည်တစ်ခါကုန်တိုင်း ထွက်လာတဲ့ ပလတ်စတစ်ဗူးတွေက စွန့်ပတ်အမှိုက်တွေများစေပြီး ပလတ် စတစ်သုံးစွဲမှုကိုလည်း တိုးလာစေပါတယ်။ အဲဒါကြောင် ဆပ်ပြာတုံးကိုပဲ သန့်ရှင်းထားပြီး သုံးတာဟာ အကောင်းဆုံးပါပဲ။


Photo Credit: Brightside

၁၀။ တစ်ခါသုံးပစ္စည်းနဲ့ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပါ။ တစ်ခါသုံးခွက်၊ ဇွန်းနဲ့ ပိုက်တွေအစား recycled လုပ်လို့ရမယ့် ပစ္စည်းတွေ ဆောင်ထားနိုင်ပါတယ်။ တစ်ခါသုံးပလတ်စတစ်အိတ်ကို သုံးမယ့်အစား အဝတ်အိတ်၊ စက္ကူအိတ်တို့ကို အသုံးပြုနိုင်ပါတယ်။


Photo Credit: Brightside

Source: https://brightside.me/wonder-curiosities/19-simple-things-that-caring-people-do-to-save-our-planet-794835/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။