သင်မသိရင်တောင်မှ သင်ဟာဆွဲဆောင်မှုရှိသူဆိုတာကို ဖော်ပြနေတဲ့ အချက် (၆) ချက်

လူတိုင်းရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဆိုတာ အရေးပါတဲ့ကိစ္စတစ်ခုပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ဟာ ဘဝမှာ ဘယ်အရာကိုမှ မယုံကြည်တော့သလို ဘာမှလည်း ဖြစ်မြောက် မလာနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှု တည်ဆောက်ဖို့အတွက် ကိုယ့်ကိုယ်ကို ဆွဲဆောင်မှုရှိသူ၊ လွှမ်းမိုးနိုင်သူတစ်ယောက်လို ခံစားမိစေဖို့လည်း လိုအပ်ပါတယ်။


Photo Credit: Freepik

တကယ်တမ်းဆိုရရင်လည်း လူတိုင်းမှာ ကိုယ့်ဆွဲဆောင်မှုနဲ့ကိုယ်၊ ကိုယ့်အလှနဲ့ကိုယ် ရှိနေပြီးသားပါ။ အဲဒီ အချက်ကို ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ လိုပါတယ်။ အဲဒါကြောင့် သင်သတိမထားမိရင်တောင် သင်ဟာ ဆွဲဆောင်မှုရှိသူတစ်ယောက်ဆိုတာကို ဖော်ပြနေတဲ့ သင်္ကေတတချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ လူတွေက သင့်ကို သတိထားမိတယ်


Photo Credit: Freepik

ပါတီတစ်ခုခုမှာပဲဖြစ်ဖြစ် လူတွေက သင့်ကိုသတိထားမိမယ်၊ နှုတ်ဆက်မယ်ဆိုရင် သင်ဟာ လူတွေရဲ့မျက်စိထဲ မှာ ဘောင်ဝင်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။ သင့်နည်းသင့်ဟန်နဲ့ သင့်မှာ ဆွဲဆောင်မှုတစ်ခုခုရှိနေလို့ပါပဲ။

၂။ သင်က ပြုံးရတာကိုကြိုက်မယ်


Photo Credit: Freepik

စိတ်ရွှင်လန်းနေရင် အလိုလို ဆွဲဆောင်မှုတစ်ခု ရှိနေပြီးသားပါ။ သင်ဟာ အမြဲတမ်းပြုံးနေတတ်သူ ဒါမှမဟုတ် ပြုံးနေရတာကို သဘောကျတယ်သူဆိုရင်ကို သင့်မှာ ဆွဲဆောင်မှုရှိနေပါပြီ။ အပြုံးတစ်ပွင့်ဟာ သင်ကိုယ်တိုင် ကိုရော မြင်ရသူတွေကိုပါ စိတ်ရွှင်လန်းမှုရစေပါတယ်။

၃။ သင့်မှာ အားသာချက်တစ်ခုခု ရှိကိုရှိပါတယ်


Photo Credit: Freepik

လူတိုင်းဟာ မပြည့်စုံနိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်းမှာ ကောင်းတဲ့အရာတွေလည်း သူ့နည်းသူ့ဟန်နဲ့ ရှိနေကြပါ တယ်။ သင့်မှာလည်း သူများထက်သာတဲ့အရာတစ်ခုမဟုတ် တစ်ခု ရှိနေမှာပါပဲ။ အသားအရေကောင်းတယ်၊ မျက်နှာချိုတယ်၊ ဖော်ရွေတယ်၊ သဘောကောင်းတယ်၊ စသဖြင့် တစ်ခုမဟုတ်တစ်ခု သင့်အားသာချက်ကို ထုတ်ပြောတဲ့သူ ရှိမယ်ဆိုရင် သင်ဟာ သင့်နည်းသင့်ဟန်နဲ့ ဆွဲဆောင်မှု ရှိသူပါပဲ။

၄။ သင့်မှာ ကိုယ်ပိုင်ဟန်ရှိမယ်


Photo Credit: Freepik

သူများပုံစံကို အတုခိုးမယ့်အစား ကိုယ့်ပုံစံနဲ့ကိုယ် အရှိအတိုင်းနေပါ။ ကိုယ့်ပုံစံနဲ့ကိုယ် နေတတ်ခြင်းက သင့်ရဲ့ ဆွဲဆောင်မှုတစ်ခုဆိုတာ မမေ့ပါနဲ့။ ကိုယ်ပုံစံနဲ့ကိုယ် နေခြင်းက သင့်ကိုယ်သင် ယုံကြည်မှုကိုလည်း ပိုတိုးစေပါ တယ်။

၅။ သင့်မှာ ချစ်သူမုန်းသူတွေ ရှိမယ်


Photo Credit: Freepik

လူရယ်လို့ ဖြစ်လာရင် ဘေးမှာ အပေါင်းအသင်းတွေရှိသလို ချစ်သူရော မုန်းသူပါ ရှိနိုင်ပါတယ်။ သင့်ကို ချစ်သူရော မုန်းသူရောဟာ သင့်အကြောင်းကို တစ်နည်းမဟုတ်တစ်နည်း စိတ်ဝင်စားကြတာပါပဲ။ အဲဒီလို သင့် အကြောင်းကို စိတ်ဝင်စားခံရတယ်ဆိုကတည်းက သင့်မှာ ဆွဲဆောင်မှုတစ်စုံတစ်ရာ ရှိနေလို့ပါ။

၆။ သင်ကလူတွေကို ကူညီတတ်မယ်


Photo Credit: Freepik

သင်က ကူညီချင်စိတ်အပြည့်ရှိနေတတ်သူဆိုရင် သင့်ကို လူချစ်လူခင်များမှာ သေချာပါတယ်။ သင်ကူညီခဲ့ဖူးတဲ့ လူတွေကလည်း သင့်ကို စိတ်ထဲရှိနေကြမှာပါပဲ။ အဲဒီလိုလူတွေက သင့်ကို သတိထားမိနေခြင်းကိုက သင့်ရဲ့ ဆွဲဆောင်မှု တစ်ခုပဲ ဖြစ်ပါတယ်။

Ref; Brightside

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။