Marga Landmark မှ မိဘမဲ့ကလေးများအတွက် The Central Boulevard တွင် ခရစ္စမတ်အထူးအစီအစဉ်ပြုလုပ်ပေးခဲ့

ဒီဇင်ဘာ ၂၃၊ ၂၀၁၉၊ ရန်ကုန်။

ဒီနေ့မှာ Marga Landmark ကနေ မိဘမဲ့ကျောင်း ( ၄ ) ကျောင်းမှာရှိတဲ့ ကလေးငယ် ( ၄၀၀ ) ကျော်ကို ရန်ကုန်မြို့ရဲ့ ပထမဆုံး ဈေးဝယ်လျှောက်လမ်း The Central Boulevard ကို ဖိတ်ကြားခဲ့ပြီး ပျော်ရွှင်စရာခရစ္စမတ်သမယကို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ဖို့ ဂိမ်းအစီအစဉ်တွေ ပြုလုပ်ပေးခဲ့သလို လက်ဆောင်တွေကိုလည်း ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ ဖိတ်ကြားခံရတဲ့ ကလေးငယ်တွေက အသက် ၄ နှစ်ကနေ ၉ နှစ်ကြားရှိပြီး မိဘမဲ့ကျောင်းက ကလေးငယ်တွေဖြစ်ကြပါတယ်။



ဖိတ်ကြားခံရတဲ့ ကလေးငယ်တွေဟာ -
( ၁ ) ဘုန်းပျံဘုန်းကြီးကျောင်း ( သန်လျင် )
( ၂ ) အမှတ် ( ၂ ) မှန်ကင်းကျောင်း ( ဒဂုံဆိပ်ကမ်း )
( ၃ ) မေတ္တာရင်ခွင်ကျောင်း ( မြောက်ဥက္ကလာမြို့နယ် )
( ၄ ) အမှတ် ( ၁ ) မှန်ကင်းကျောင်း ( သာကေတ ) တို့ကဖြစ်ကြပါတယ်။



The Central Boulevard မှာ ကလေးငယ်တွေက ခရစ္စမတ်ဘိုးဘိုးကြီး ( Santa Claus ) နဲ့တွေ့ဆုံခဲ့ပြီး ခရစ္စမတ်လက်ဆောင်အဖြစ် သကြားလုံးတွေ၊ ရေခဲမုန့်တွေ နဲ့ မွှေးပွအရုပ်တွေကို လက်ဆောင်အဖြစ်ရရှိခဲ့ကြပါတယ်။ ထပ်ပြီး Marga အဖွဲ့သားတွေက ပြင်ဆင်ပေးထားတဲ့ တိရစ္ဆာန်ပူဖောင်းလုပ်နည်း နဲ့ LEGO အရုပ်ဆက်နည်းတွေနဲ့ ပျော်ပျော်ပါးပါးဂိမ်းကစားတာတွေအပြင် ဂိမ်းအစီအစဉ်တွေကိုလည်း ဆော့ကစားခွင့်ရရှိခဲ့ကြပါတယ်။



ဆက်လက်ပြီး မကြာခင်ရောက်ရှိလာတော့မယ့် ခရစ္စမတ်အားလပ်ရက်တွေကို ကြိုဆိုတဲ့အနေနဲ့ ခရစ္စမတ်သံစုံတေးသီချင်း ( Christmas Choir ) သီကျူးခြင်းကို ကလေးအယောက် ( ၅၀ ) ပါဝင်တဲ့ The Children's Choir က တင်ဆက်ပေးခဲ့ပါတယ်။ The Children's Choir ကို ၂၀၁၆ မတ်လက ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတွေ၊ မိဘမဲ့ကျောင်းတွေ နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောင်းတွေက ကျောင်းသားကလေးငယ်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ဆရာမ Rebekka Jensen က ဦးဆောင်သင်ကြားပေးနေတာဖြစ်ပါတယ်။








we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။