Air Asia လေယာဉ်ပေါ်မှ လေယာဉ်မယ်ကို တရုတ်ခရီးသွားလင်မယား အနိုင်ကျင့်သောအခါ

အရင်ဆုံးပြောချင်တာက ဒါဟာပြီးခဲ့တဲ့ ၂၀၁၄ ခရစ္စမတ် ခရီးသွားရာသီက အဖြစ်အပျက်တစ်ခုပါ။ ခရစ္စမတ်အားလပ်ရပ်တွေနဲ့လည်းတိုက်ဆိုင်နေ၊ ဒီအကြောင်းလေးက NF မှာပြန်တက်လာတော့ ပြန်ရေးချင်စိတ်ပေါ်တာနဲ့ရေးလိုက်တာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တရုတ်နိုင်ငံ နန်ကျင်း မြို့ကို တိုက်ရိုက်ပြန်တဲ့ အဲအေးရှား လေယာဉ်ပေါ်မှာဖြစ်ခဲ့တာ။ အားလပ်ရက် ထိုင်းကိုအလည်လာတဲ့ တရုတ်လူမျိုး ခရီးသွားစုံတွဲဟာ နေရပ်ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ဝယ်ကြတယ်။ အဲအေးရှား ဆိုတာ ဈေးသက်သာတဲ့ ဘက်ဂျက်ဖလိုက် ဖြစ်တယ်။ သဘောက လျှောက်လမ်းမှာမနေချင်ဘူးတို့၊ တူတူပြတင်းပေါက်နားပေးပါတို့၊ အနောက်ဘက်ကျကျမှာထိုင်ချင်တယ် တို့လုပ်လို့မရဘူး။ အဲ့လင်မယားက အတူတူထိုင်ချင်ကြတာပါ။ အတူတူထိုင်ချင်ရင်ပိုက်ဆံထပ်ပေးရတယ်။ ဒါဟာ ဘက်ဂျက်ဖလိုက်တိုင်းမှာ ကြုံနေကျ။ သူတို့က ပိုက်ဆံမပေးခဲ့ဘူး။


Image Credit - dailymail.co.uk

ပြသနာစပြီ။ လေယာဉ်ပေါ်ရောက်ပြီဆိုတာနဲ့ လင်မယားနှစ်ယောက်အတူတူမထိုင်ရကောင်းလားဆိုပြီး လေယာဉ်မယ်တွေကို ပြသနာရှာတယ်။ လေယာဉ်မယ်လေးတွေကလည်း အဲ့လိုပြဿနာတွေကြုံဖူးနေကြသူတွေဆိုတော့ ကောင်းကောင်းဖြေရှင်းပေးကြရှာပါတယ်။ ဘေးလူတွေကို တောင်းတောင်းပန်ပန်နဲ့ အဲ့လင်မယားကို နေရာချင်းလဲပေးလိုက်တယ်။


Image Credit - businessinsider

ဇာတ်လမ်းက ဒီမှာတင်မရပ်ဘူး။ တော်တော်လေးကြာတော့ လေယာဉ်မယ်လေးတွေက ဗန်းလေးတွေပေါ် စားစရာတွေတင်ပြီး လိုက်ရောင်းတယ်။ အဲ့ဒီအချိန်မှာ တရုတ်လင်မယားက ခေါက်ဆွဲခြောက်ထုပ်ဖောက်စားဖို့အတွက် ရေနွေးတောင်းတယ်။ အမှန်ဆို လေယာဉ်ပေါ်မှာ ပြင်ပက ယူလာတဲ့အစားအသောက်မှန်သမျှ ( ခေါက်ဆွဲခြောက်မကလို့ ရွှေကွပ်ထားတဲ့ ဘာဂါဖြစ်နေနေ ) စားလို့မရဘူး။ ဘက်ဂျက်လေကြောင်းလိုင်းဖြစ်လို့ လေယာဉ်လက်မှတ်ဖိုးဈေးလျှော့ရောင်းရတယ်။ အဲ့ဒီအတွက် ပြန်ကာမိအောင် ကျန်တာတွေကို ကုမ္ပဏီ other income အနေနဲ့ ရောင်းကြတယ်။

နိုင်ငံခြားကို အိမ်ဦး နဲ့ ကြမ်းပြင်သွားနေတဲ့လူတွေကျတော့ ဒါတေကိုသိတယ်။ အဲ့ဒီအတွက် တော်ရုံတန်ရုံ ကွန်ပလိန်းမတက်ကြဘူး၊ free မတောင်းကြဘူး။


Image Credit - dailymail.co.uk

တရုတ်လင်မယားက ရေနွေးဖရီးတောင်းတော့ လေယာဉ်မယ်လေးက ထည့်ပေးရှာပါတယ်။ ရေနွေးထည့်ပေးနေတုန်း တရုတ်အမျိုးသမီးက သူ့လက်ကို ရေနွေးစက်ကျတယ်ဆိုပြီး လက်ထဲက ရေနွေးခွက် နဲ့ လေယာဉ်မယ်လေးရဲ့ မျက်နှာကို ပက်လိုက်တယ်။ ရုတ်တရက်ဆိုတော့ လေယာဉ်မယ်လေး ကြောင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ အဲ့ဒီအချိန် တရုတ်အမျိုးသားက ထလာပြီး လေယာဉ်မယ်လေးရဲ့ ဇက်ပိုးကို ငါးချက်လောက်ဆင့်ပြီးရိုက်လိုက်တယ်။ ဒီဖြစ်ရပ်ကို ကြည့်မနေနိုင်တဲ့ တခြားခရီးသည်တွေ၊ လေယာဉ်မယ်တွေ ဝင်ဆွဲရတယ်။ အဲ့ဒီအကြောင်းကို လေယာဉ်မှုးလည်းကြားရော လေယာဉ်ကို ချက်ခြင်းပြန်လှည့်တယ်။

နန်ကျင်းက နောက်ထပ် တစ်နာရီဆိုရောက်ပြီ။ ဘန်ကောက်ကို ပြန်လှည့်ရင် သုံးနာရီ တိတိကြာမယ်။ ဒါပေမယ့် လေယာဉ်မှုးက ပြတ်သားတယ်။ ဘန်ကောက်ကို ပြန်လှည့်တယ်။

ဒွန်မောင်း လေဆိပ်လည်းရောက်ရော အဲ့ဒီအကြောင်းကို ကြိုသိနေတဲ့ လေဆိပ်လုံခြုံရေးတွေ၊ လေကြောင်းရဲ တွေ လေယာဉ်ပေါ်ကို ပြုံပြီးတက်လာတယ်။ အဲ့ဒီကျတော့ တရုတ်လင်မယားထဲက အမျိုးသားက ရူးချင်ယောင်ဆောင်တယ်။ လေယာဉ်မယ်က ရိုင်းလို့ အဲ့လိုလုပ်ရတာလို့ပြောတယ်။ ဒါပေမယ့် မျက်မြင်သက်သေတွေအများကြီး၊ နောက်ပြီး အဲ့လင်မယားကို တော်တော်လည်း စိတ်ကုန်နေကြတော့ အားလုံးက သူ့ဘက်မရှိကြဘူး။ အဲ့ဒီအချိန် အမျိုးသမီးက ဝက်ရူးပြန်သလို၊ တက်သလို၊ သတိလစ်သလိုလိုနဲ့ ဂစ် ဆိုပြီး လှဲချတယ်။ ရဲတွေက အဲဒီအတိုင်းပဲ မ သွားတယ်။


Image Credit - airasia.com

ပြောချင်တာက နိုင်ငံတိုးတက်လာတိုင်း နိုင်ငံသားတွေရဲ့ စိတ်ဓာတ်က မတိုးတက်နိုင်ဘူး။ ဥက္ကဌ မော် ရဲ့ လက်ထက် တိုင်းပြည်အငတ်ဘေးကျတဲ့အချိန်၊ ရရစားစား၊ ဘယ်သူ့အတွက်မှမကြည့်ပဲ ကိုယ်ကျိုးချည်း ကြည့်ခဲ့ရတဲ့ စိတ်ဓာတ်တွေက လက်ရှိအချိန်ထိ အမွေလို ပါလာတယ်၊ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံဆိုပြီး လူရာသွင်းခံရတော့ ဆောင့်ကြွားကြွားလုပ်ပြီး သူများနိုင်ငံဆို နှိမ်ချင်တဲ့ စိတ်က တရုတ်ခရီးသွားတော်တော်များများမှာရှိနေတတ်တယ်။ ၁၀၀ ဆို ၈၀ လောက်က အဲ့အတိုင်းချည်းပဲ။


Image Credit - dailymail.c.uk

ဘယ်နိုင်ငံသွားသွား တရုတ်ခရီးသည်တွေတွေ့ရတယ်။ တွေ့တိုင်းလည်း public area လား private area လား နားမလည် စကားတွေ အကျယ်ကြီးပြောကြ၊ အစားဆိုရင် ပလပ်ပလပ်၊ ရှူးရှူးရှဲရှဲ နဲ့စားကြ၊ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေ တစ်ပြုံကြီးချခဲ့ကြ၊ buffet စားတာတောင် အချင်းချင်းတိုးဝှေ့လုယက်နေကြ နဲ့ တရုတ်ခရီးသွားတော်တော်များများမှာ code of conduct ဆိုတဲ့ ကျင့်ဝတ်ကောင်းကောင်း မရှိကြဘူး။ ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ၁၀၀ မှာ ၈၀ လောက်က အဲ့အတိုင်းချည်းဆို။

ကောင်းတဲ့သူတွေရှိရင်လည်းရှိမှာပေါ့။ သို့သော် လက်ရှိအချိန်ထိ ဘယ်သွားသွား တရုတ်တိုးရစ်တွေမြင်ရင် အဲ့အတိုင်းချည်းဖြစ်နေတာတော့ စိတ်ပျက်စရာကြီးပါ။ တရုတ်အစိုးရအနေနဲ့ ကမ္ဘာကပြောတဲ့စကားတော်တော်များများပြန်ကြားမယ်ထင်ရဲ့။ တရုတ်ခရီးသွားတွေ ညစ်ပတ်တယ်၊ ရိုင်းတယ် စသဖြင့် .. ဒါပေမယ့် အဲ့လို ကိုယ့်နိုင်ငံကိုယ် အိုးမဲပြန်သုတ်နေတဲ့ ခရီးသည်တွေကို ထိထိရောက်ရောက်အရေးမယူတာတော့ အံ့သြဖို့ကောင်းသား။

TikiTiki
Source - https://www.dailymail.co.uk/travel/travel_news/article-2874902/AirAsia-flight-attendant-scalded-hot-water-noodles-unruly-passenger-wanted-sit-husband.html

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။