ချစ်သူက ဆေးရုံကိုလာတွေ့မယ်ဆိုလို့ မိတ်ကပ်လိမ်းပြီးစောင့်နေတဲ့ လူနာ influencer မလေး

ချစ်သူကောင်လေးရှေ့မှာဆို လှလှပပလေး ဖြစ်ချင်ကြတာ မိန်းကလေးတိုင်းပါပဲ။ နေမကောင်းလို့ ပေတီးပေစုတ်ဖြစ်နေတဲ့ရုပ်ကိုလည်း ဘယ်သူက ကောင်လေးတွေကို ပြချင်ပါ့မလဲ။ အခု ဒီမိန်းကလေးဟာလည်း ဒီလိုပါပဲ။ သူ့ချစ်သူရှေ့လှချင်မှာပေါ့။ Influencer ဆိုတော့ ပိုဆိုးတာပေါ့။ အမြဲ full makeup နဲ့လှနေတဲ့သူက ဖရိုဖရဲရုပ်နဲ့ ချစ်သူကို ဘယ်တွေ့ချင်ပါ့မလဲနော်။


ဒီအမျိုးသမီးလေးရဲ့နာမည်ကတော့ Wangmei ပါ။ ဗီယက်နမ်မလေးပေါ့။ သူမဟာ ဆေးရုံကို ချစ်သူလာလည်မယ်ကြားတာနဲ့ မိတ်ကပ်အပြည့်ပြင်ပြီး Facebook မှာ ပုံတင်ခဲ့ပါတယ်။ Caption လေးက “ကျွန်မကို ကြည့်ဖို့ ကျွန်မကောင်လေးလာနေပြီ” တဲ့။ ပြင်ထားတာလည်း တကယ်ကို heavy look ပါ။ မိတ်ကပ်တင်မကဘူး၊ မျက်ခုံးမွှေး၊ ပါးနီ၊ eye shadow၊ eyeliner၊ မျက်တောင်တု၊ နှုတ်ခမ်းနီတွေနဲ့ detail ကို ပြင်ထားတာပါ။ လက်သည်းနီဆိုးပြီး နားကပ်လေးပါ ပန်လိုက်ပါသေးတယ်။


မိတ်ကပ်အပြည့်နဲ့ Wangmei ဟာ လူနာရုပ်တောင် မပေါက်တော့ဘူးဆိုပြီး comment တွေပေးကြတာပေါ့။ ဆေးရုံတက်နေရတယ်ဆိုမှတော့ တော်ရုံတန်ရုံ နေမကောင်းတာတော့ ဘယ်ဟုတ်မလဲနော်။ သာမန်မိန်းကလေးတွေသာဆိုရင် ဒီလိုအချိန်မှာ ဘာမိတ်ကပ်မှ ကပ်နိုင်တော့မှာမဟုတ်ဘူး။ လူနာလာကြည့်တဲ့သူကလည်း လူနာလှနေလား ရုပ်ဆိုးနေလားဆိုတာကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ 

Image result for wearing makeup gif

ဘာပဲဖြစ်ဖြစ် လူတိုင်းက ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ။ သူမက လှနေချင်တယ်ဆိုမှတော့ လှနေအောင် ပြင်ပိုင်ခွင့်ရှိတာပဲလေ။ ဘာကြောင့်ဒီလိုပြင်ရလဲဆိုတာ သူ့မှာလည်း ခိုင်လုံတဲ့အကြောင်းပြချက်တော့ ရှိမှာပါ။ ဒီလိုပုံစံနဲ့သူမကိုမြင်ရင် သူမကောင်လေးလည်း တော်တော်လေး အံ့သြသွားမှာ အသေအချာပါပဲ။


Ref; chinapress


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။