2019 ရဲ့ Google's Search မှာ အများဆုံး ရှာဖွေခံရသူအဖြစ် ထိပ်ဆုံးမှာစံချိန်တင်ခဲ့တဲ့ Lisa နဲ့ Jungkook

2019 နှစ်မှာ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာ အားပေးဝန်းရံကြတဲ့ နာမည်ကြီး Kpop Idol တွေ အကြောင်းကို Google Search မှာ ရှာဖွေသူ ပိုမို များပြားလာကြောင်း သိရပြီး 2020 ပထမရက်မှာ တော့ အများဆုံး ရှာဖွေခံရသူ Top 100 ကို ထုတ်ပြန် ကြေ ငြာ သွားခဲ့ပါတယ်။ 


BLACKPINK အဖွဲ့ဝင် ဖြစ်တဲ့ Lisa ဟာ တောင်ကိုရီးယားမှာ နာမည်အကျော်ကြားဆုံး အမျိုးသမီး Idol တစ်ယောက် ဖြစ်ခဲ့ပြီး လူအများပြား စိတ်ဝင်စားခံရတဲ့ Celebrity တစ်ယောက် ဖြစ်ပါတယ်။


လူမူကွန်ရက်အများပြားမှာလည်း Lisa နဲ့ ပက်သတ်တဲ့ Article တွေကို လူသန်းပေါင်းများစွာက ဖတ်ရှူခဲ့ကြတယ်။


အများစုက  Lisa ရဲ့ ဖက်ရှင်ဒီဇိုင်း အကြောင်းတွေဖြစ်တယ် လို့ သိရတယ်။

 

2019 နဲ့ Google Search မှာ Lisa ရဲ့ ပက်သတ်မှု အကြောင်းရာတွေ ရှာဖွေခံရဆုံး ဖြစ်ခဲ့ပြီး မိန်းကလေး Idol တွေထဲမှာ ပထမဆုံး နေရာနဲ့ Top 4 နေရာ ရရှိခဲ့ပါတယ် ။


ဒုတိယနေရာမှာတော့ BLACKPINK အဖွဲ့ဝင် Jennie ဖြစ်ပြီး Top 6 နေရာ ရခဲ့ပါတယ်။ 


 BTS အဖွဲ့ဝင် တွေ ဖြစ်တဲ့ Jungkook , Jimin , V နဲ့ Suga  တို့က Top 1 to 5 မှာ ရှိခဲ့ပြီး Golden Maknae လို့ တင်စားခံရတဲ့ Jungkook ဟာ ယောက်ကျားလေး Idol တွေထဲမှာမှ ပထမဆုံး နေရာနဲ့ Top 1 နေရာ ရရှိခဲ့ပါတယ်။


Jungkook ဟာ 2019 မှာ Trending အများဆုံးနဲ့ လူမူကွန်ရက် မှာ ရေပန်းအစားဆုံး Celebrity တစ်ယောက်  ဖြစ်ခဲ့ပါတယ်။ 


တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော်အဖွဲ့တွေဖြစ်ကြတဲ့ BTS နဲ့ BLACKPINK ဟာ ဘာမဆို ထိပ်ဆုံး ကနေပဲ အဖွဲ့ဝင် တစ်ယောက် ချင်းစီက နေရာယူထားကြပါတယ်။


Netizens အတော်များများရဲ့ အားပေးဝန်းရံခံရဆုံး ဖြစ်တဲ့ Jungkook နဲ့ Lisa တို့ က အဆိုတော် တစ်ယောက်ရဲ့ အရည်ချင်းပြည့်စုံတင်မက ပဲ အဘက်ဘက် က တော်လွန်းသူတွေ ဟု သတ်မှတ်ခံရတဲ့ Celebrity နှစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်။  


Google က တရားဝင် ထုတ်ပြန်ကြေငြာထားတဲ့ အများဆုံး ရှာဖွေခံရသူ kpop Idol List တွေကို ဖော်ပြလိုက်ပါတယ် ။ 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။