သြစတြေးလျတောမီးအတွက် တိုက်တွန်းနှိုးဆော်ပြီး ပါဝင်လှူဒါန်းခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီများ

အခုဆိုရင် သြစတြေးလျနိုင်ငံမှာ တောမီးလောင်ကျွမ်းနေခဲ့တာဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့််လာပါ ပြီ။ အဲဒီတောမီးကြောင့် သေဆုံးခဲ့ရသူတွေ ရှိသလို ခိုအားလားနဲ့ သားပိုက်ကောင်လေးတွေအပါအဝင် တိရိစ္ဆာန်ပေါင်း သန်းနဲ့ချီအောင်လည်း သေကြေပျက်စီး ဒဏ်ရာရခဲ့ကြပါတယ်။ ဒါ့ပြင် မီးသတ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ နေအိမ်ပေါင်း တစ်ထောင်ကျော်ကိုလည်း ပျက်စီး စေခဲ့ပါတယ်။


Photo Credit: CTV news

အဲဒါကြောင့် နာမည်ကျော်အနုပညာရှင်တွေဟာလည်း တောမီးငြိမ်းသတ်ရေးကို အထောက်အကူဖြစ်စေဖို့နဲ့ တောမီးဒဏ်ခံစားခံရသူတွေ၊ မီးသတ်သမားတွေအတွက် ထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။ ဒါ့ပြင် သူတို့တွေဟာ နိုင်ငံတကာက ပရိသတ်တွေကိုလည်း လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ထားကြပါတယ်။ အဲဒါကြောင့် သြစတြေးလျတောမီးအတွက် ကူညီထောက်ပံ့ခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


Photo Credit: Pinterest

- Thor မင်းသားလို့ လူသိများတဲ့ သြစတြေးလျမင်းသားချော Chris Hemsworth ကလည်း သူ့မိသားစုနဲ့အတူ ဒေါ်လာတစ်သန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။


Photo Credit: Instagram

- နာမည်ကျော်အမေရိကန်အဆိုတော် Pink က သြစတြေးလျတောမီးအတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။


Photo Credit: Pinterest

- ဟောလိဝုဒ်မင်းသမီးကြီး Nicole Kidman နဲ့ ခင်ပွန်းဖြစ်သူ Keith Urban တို့ကလည်း Rural Fire Services (RFS) ဆီကို ဒေါ်လာ ၅ သိန်း ပေးပို့လှူဒါန်းထားပါတယ်။


Photo Credit: Pinterest

- Stranger Things ဇာတ်လမ်းတွဲမှာ Billy အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Dacre Montgomery ကလည်း သြစတြေးလျအတွက် ကူညီဖို့ အင်စတာဂရမ်ကနေတဆင့် တိုက်တွန်းနှိုးဆော်ခဲ့ပြီး ဒေါ်လာ ၂၂၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။


Photo Credit: Pinterest

- အမေရိကန်က နာမည်ကျော်အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Ellen DeGeneres ကလည်း NSW Rural Fire Services, Australian Red Cross နဲ့ WIRES လို အဖွဲ့အစည်း ၃ ခုဆီကို သြစတြေးလျတောမီး အတွက် လှူဒါန်းငွေတွေ ပေးပို့ခဲ့ပါတယ်။


Photo Credit: Pinterest

- အဆိုတော်မင်းသမီးချောလေး ဆယ်လီနာဂိုးမတ်ဇ်ကလည်း အင်စတာဂရမ်က သူမရဲ့သန်းပေါင်းများစွာသော follower တွေကို လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီး သူမကိုယ်တိုင်လည်း လှူဒါန်းမှုတွေပြလုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


Photo Credit: Instagram

- နာမည်ကျော်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ Russell Crowe ကလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက NSW Rural Fire Services ဆီ ဒေါ်လာ ၁၀၅,၀၀၀ ပေးပို့လှူဒါန်းခဲ့ပါတယ်။


Photo Credit: Pinterest

- နာမည်ကျော် တီဗီအစီစဉ်တင်ဆက်သူလည်းဖြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား၊ တောရိုင်း ကျွမ်းကျင်သူနဲ့ တိရိစ္ဆာထိန်းသိမ်းရေး သမားတစ်ယောက်လည်း ဖြစ်တဲ့ သြစတြေးလျလူမျိုး Steve Irwin နဲ့ သူ့ မိသားစုကလည်း သြစတြေးလျတောမီးဒဏ် ခံစားခဲ့ရတဲ့ တိရိစ္ဆာန်ပေါင်း ၉ ထောင်ကို ကူညီကယ်ဆယ်ခဲ့ကြပြီး Queensland က သူတို့ရဲ့ တောရိုင်းတိရိစ္ဆာန်ဆေးရုံမှာ ပြုစုကုသပေးနေကြပါတယ်။


Photo Credit: Instagram

- သြစတြေးလျစာရေးဆရာမင်းသမီးနဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Rebel Wilson ကလည်း NSW Rural Fire Services ကို ပိုက်ဆံလှူဒါန်းတဲ့ ပရိသတ်တွေကို သူမနဲ့အတူ ညစာစားနိုင်ဖို့ အခွင့်အရေးရမယ့် အစီအစဉ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။


Photo Credit: Pinterest

- သြစတြေးလျဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Celeste Barber ကလည်း သူမရဲ့ Facebook fundraiser ကနေတဆင့် အလှူခံခဲ့ရာမှာ ဒေါ်လာ သန်း ၄၀ လောက် ရရှိခဲ့ပြီး သြစတြေးလျတောမီးအတွက် ရှေ့တန်းရောက်နေကြတဲ့ မီးသတ်သမားတွေဆီ လှူဒါန်းခဲ့ပါတယ်။


Photo Credit: Pinterest

- သြစတြေးလျလူမျိုး ဘီလျံနာစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်တဲ့ James Packer ကလည်း သူ့မိသားစု တွေနဲ့အတူ ဒေါ်လာ ၅ သန်းတိတိ လှူဒါန်းခဲ့ပါတယ်။


Photo Credit: AAPIMAGE

- Deadpool မင်းသားအဖြစ် လူသိများတဲ့ နာမည်ကျော်ဟောလိဝုဒ်မင်းသားချော Ryan Reynolds ကလည်း သူ့ရဲ့အင်စတာဂရမ်မှာ Australian Red Cross နဲ့ New South Wales ရဲ့ Rural Fire Services တို့ကို အတိအလင်းဖော်ပြပြီး ပါဝင်လှူဒါန်းကြဖို့ ပရိသတ်တွေကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။


Photo Credit: Pinterest

- ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် Ash Barty ကလည်း သူမအနေနဲ့ ပြိုင်ပွဲမှာအနိုင်ရခဲ့မယ်ဆိုရင် သြစတြေးလျ တောမီးဒဏ်ကို ခံစားခဲ့ရတဲ့ မိသားစုတွေကို ဒေါ်လာ ၃၆၀,၀၀၀ လှူဒါန်းသွားမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။


Photo Credit: AP

- နာမည်ကျော် အစီစဉ်တင်ဆက်သူ Lisa Vanderpump ကလည်း သြစတြေးလျတောမီးမှာ ကူညီထောက်ပံ့ဖို့ သူမရဲ့ profile ကို အသုံးပြုပြီး လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ရာမှာ လှူဒါန်းငွေ ဒေါ်လာသန်းနဲ့ချီ ရရှိခဲ့ ပါတယ်။


Photo Credit: Pinterest

Source: https://www.dailymail.co.uk/tvshowbiz/article-7854885/Hollywood-listers-international-celebrities-call-Australian-aid-bushfire-crisis.html?fbclid=IwAR0TWOu1qRlA2L8Jxk27NwXzHTzH83toN9n99EhCkfFt0o0J2qRuCgLNUH8

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။