အမေရိကန်မှ လေကြောင်းတုံ့ပြန်မှုစတင်တော့မည်လား

အီရတ်ရှိ အမေရိကန် လေတပ်စခန်းကို အီရန်မှ ဒုံးပျံများဖြင့်တိုက်ခိုက်ပြီး သိပ်မကြာမီပင် အမေရိကန်မှ လိုအပ်သလိုတုံ့ပြန်မည်ဖြစ်ကြောင်း ပင်တဂွန်မှ သတင်းထုတ်ပြန်သည်။ ထို့နောက် အမေရိကန်၏ စွမ်းရည်အမြင့်ဆုံး F 35 များမှ တိုက်ပွဲဝင်ရန်အသင့်ရှိနေကြောင်း ပင်တဂွန်မှ ထပ်မံထုတ်ပြန်ခဲ့ပြီး ဒူဘိုင်းရှိ အယ်လ်ဒါဖရာ လေတပ်အခြေစိုက်စခန်းမှ F 35 များ အုပ်လိုက်ပျံသန်းမှုစတင်ခဲ့သည်။


Image Credit - dailymail.co.uk

ထို့နောက်အမေရိကန်ဘက်မှ ပါရှန် နှင့် အိုမန်ပင်လယ်ကွေ့များတွင် အရပ်ဘက်လေယာဉ်ရေယာဉ်များ ခုတ်မောင်းပျံသန်းခြင်းမပြုကြရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အီရန်ကမူ အမေရိကန်အနေဖြင့် လက်စားချေတိုက်ခိုက်လာပါက အစ္စရေး နှင့် ဒူဘိုင်းတို့ကို ဒုံးပျံများဖြင့်ပစ်ခတ်မည်ဟု ထပ်မံကြိမ်းဝါးခဲ့သည်။

Image Credit - the straits times

TikiTiki
Source - https://www.dailymail.co.uk/news/article-7859801/Iran-threatens-Israel-Dubai-retaliation.html

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။