မီးလောင်ခံရပြီး မိုးမရွာတာတောင် အပင်သစ်တွေ ပေါက်လာနေပြီဖြစ်တဲ့ သြစတျေးလျသစ်တော

သြစတျေးလျ တောမီးနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာတွေ ကြားရတာ စိတ်ညစ်လာပြီဆိုရင် ဝမ်းသာစရာလေး နည်းနည်းလောက် ပြောင်းပြောမယ်နော်။

Image result for growing plant gif

အခုဆိုရင် မီးဒဏ်သင့်ထားလို့ သေဆုံးနေတဲ့ သစ်ပင်တွေနားမှာ ရွက်သစ်တွေ၊ အပင်သစ်တွေနဲ့ အသက်ပြန်ဝင်လာပါပြီ။ ပုံတွေမှာ တွေ့ရတဲ့ အပင်ပေါက်လေးတွေက မျှော်လင့်ချက်တစ်စုံတစ်ရာပေးသလို ခံစားရစေပါတယ်။ 


ဒီပုံတွေကိုတော့ သြစတျေးလျနိုင်ငံ၊ New South Wales မှာ နေထိုင်တဲ့ Murray Lowe က ဒီအပတ်မှာ ရိုက်ကူးခဲ့တာပါ။ Murray က အခုဆိုရင် သူရိုက်ကူးခဲ့တဲ့ပုံတွေကို ရောင်းချပြီး တောမီးမှာ ထိခိုက်ခဲ့တဲ့သူတွေကို ပြန်ထောက်ပံ့မှာ ဖြစ်ပါတယ်။


အခြားသောသူတွေလည်း အပင်တွေ ပြန်ပေါက်လာနေတဲ့ပုံတွေကို ဝေမျှထားပါတယ်။ အချို့ပုံတွေမှာဆိုရင် ယူကလစ်ပင်ရဲ့ ပင်စည်မှာ မှိုပင်ပေါက်လေးတွေ ပေါက်နေတာကို တွေ့ရမှာပါ။


အခုလိုပုံတွေကို ကြည့်ရတာ တကယ်ကြည်နူးဖို့ကောင်းပါတယ်။ သြစတျေးလျတောမီး အမြန်ငြိမ်းပြီး သတ္တဝါလေးတွေ ဘေးကင်းစွာနေနိုင်ဖို့၊ တောအုပ်ကြီးအရင်ကလို စိမ်းစိမ်းစိုစိုနဲ့ ပြန်အသက်ဝင်လာဖို့ မျှော်လင့်ကြရမှာပါ။


Ref; worldofbuzz