အိမ်ထောင်သက်(၆)လအကြာမှာ Gayဖြစ်သွားတဲ့ခင်ပွန်းကြောင့် suicideလုပ်ခဲ့တဲ့ အမျိုးသမီး

တရုတ်နိုင်ငံ၊ Chongqing မှာ နေထိုင်တဲ့ အမျိုးသမီးဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူမ မိဘတွေ ဂုဏ်ယူရတဲ့ သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ဘွဲ့ရပြီးတဲ့အချိန်မှာ အမျိုးသားတစ်ယောက်နဲ့ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ တွဲတာ ၅လကြာပြီးနောက်တော့ နှစ်ဦးသား လက်ထပ်ခဲ့ကြပါတယ်။

အစပိုင်းတုန်းက နှစ်ဦးသား တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာပေါ့။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အမျိုးသားက အိပ်ယာခွဲအိပ်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ အမျိုးသမီးကတော့ သူမမှာ လိုအပ်ချက်ရှိနေလို့ ယောက်ျားက စိတ်ပျက်နေတယ်လို့ ထင်နေတာပေါ့။


အဲဒါနဲ့ အမျိုးသမီးဟာ အင်တာနက်မှာ အကြံဉာဏ်တောင်းခဲ့ပါတယ်။ Online ကလူတွေကလည်း သူမ အမျိုးသားဟာ Gay ဖြစ်နိုင်ကြောင်း အကြံပြုခဲ့ကြပါတယ်။ ဒါနဲ့ ယောက်ျားဖြစ်သူကို အကြိမ်ကြိမ် စစ်မေးတာပေါ့။ နောက်ဆုံးတော့ အမျိုးသားက သူဟာ bisexual ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အမျိုးသမီးကိုလည်း သူတကယ်ချစ်လို့ လက်ထပ်ခဲ့တာဖြစ်ကြောင်းနဲ့ ခွင့်လွှတ်ပေးဖို့ ငိုယိုပြီး တောင်းပန်ခဲ့ပါတယ်။ အမျိုးသမီးကလည်း ခွင့်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အမျိုးသားရဲ့ဖုန်းထဲကို အခြားယောက်ျားတစ်ယောက်ဆီက စာတွေဝင်နေတာ တွေ့ခဲ့ပါတယ်။ ဒါနဲ့ သေချာအောင် ထပ်စစ်ဆေးတဲ့အခါမှာတော့ အမျိုးသားက သူဟာ Gay ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အမျိုးသမီးလည်း အသည်းတွေကွဲပြီး အဲဒီညမှာပဲ ယောက်ျားနဲ့ ကွာရှင်းခဲ့ပါတယ်။ နောက်တစ်နေ့မကူးခင်မှာပဲ အမျိုးသမီးဟာ အဆောက်အအုံကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။


ဒီအဖြစ်အပျက်အားလုံးကို အမျိုးသမီးက သူမမိဘတွေကို ပြောပြထားခဲ့တာဖြစ်တဲ့အတွက် သူမသေဆုံးမှုဟာ သူမခင်ပွန်းကြောင့်ဖြစ်တယ်ဆိုပြီး မိဘတွေဘက်က တရားစွဲခဲ့ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက် ၃၁နှစ်ပဲ ရှိပါသေးတယ်။ တစ်ဦးတည်းသောသမီးလည်း ဖြစ်ပါတယ်။ လက်ထပ်ထားတာကတော့ ၆လပဲ ရှိပါသေးတယ်။ အမျိုးသားဟာ Gay ဖြစ်နေတာကို ထိန်ဝှက်ထားမှုကြောင့် တရုတ်ယွမ် ၆၃၀၀၀၀ ဒဏ်ကြေးပေးဆောင်ဖို့ အမျိုးသမီးမိဘတွေရဲ့ ရှေ့နေက တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးဘက်မှ ဒီအမှုကို ပယ်ချခဲ့ပါတယ်။

အခုခေတ်ကြီးက မလွယ်ပါဘူး။ ဒါမျိုးဆိုတာလည်း ထုတ်မပြောရင် သိနိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်လက်ထပ်မယ့် အမျိုးသားကို ဘက်ပေါင်းစုံက စစ်ဆေးပြီးမှ ယူကြပါ အမျိုးသမီးအပေါင်းတို့ရေ။ တကယ်လို့ အခုလိုအဖြစ်မျိုး ကြုံလာရရင်လည်း ဖြေသိမ့်နိုင်အောင်သာ ကြိုးစားကြပါ။ သတ်သေတာမျိုးတော့ မလုပ်နဲ့ပေါ့။ 


Ref; orientaldaily


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။