ကိုယ်ဝန်ဆောင်ထားတာကြောင့် မသတ်ဖို့မျက်ရည်တွေနဲ့ဒူးညွှန့်တောင်းပန်ခဲ့တဲ့ နွားမကြီး

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံ၊ Shantou မြို့၊ Guangdong မှာရှိတဲ့ သားသတ်ရုံမှာ ဖြစ်ပွားခဲ့တာပါ။ ဗီဒီယိုထဲက ကိုယ်ဝန်ဆောင်နွားမဟာ သတ်ပြီး အသားအဖြစ် ရောင်းချခံရဖို့ သားသတ်ရုံကို ရောက်လာတာပါ။ နွားမမှာ ကိုယ်ဝန်ဆောင်ထားရတာကို သားသတ်သမားက သိလားမသိလားဆိုတာတော့ မသေချာပါဘူး။


သားသတ်သမားက ဆွဲခေါ်တဲ့အချိန်မှာ နွားမလေးဟာ နေရာကမရွေ့ဘဲ ငြင်းဆန်နေခဲ့ပါတယ်။ နောက်တော့ နွားမလေးဟာ ဒူးထောက်ချလိုက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုနေတဲ့ ပုံစံကို ဗီဒီယိုမှာ တွေ့ရမှာပါ။ သားသတ်သမားက အတင်းဆွဲခေါ်လာတဲ့အခါမှာလည်း နွားမလေးဟာ မျက်ရည်တွေနဲ့ ရုန်းကန်နေခဲ့ပါတယ်။ ကိုယ်တိုင်အတွက်ရော၊ ဝမ်းထဲက သန္ဓေသားလေးအတွက်ပါ အသက်ဘေးကလွတ်အောင် ကြိုးစားနေရှာတာပါ။


ဒီဗီဒီယိုလေးကို online မှာ မြင်ပြီးတော့ တရုတ်နိုင်ငံက တိချစ်သူတွေဟာ နွားမလေးကို မသတ်ဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။ နောက်ပြီး တိချစ်သူအားလုံးစုပေါင်းပြီး နွားမလေးကို ဝယ်လိုက်ကြပါတယ်။ ပြီးတော့ နွားမလေး အေးအေးလူလူ မီးဖွားနိုင်စေဖို့ နယ်ခံဘုန်းကြီးကျောင်းကို ပို့လိုက်ကြပါတယ်။ တိချစ်သူတွေ စုပေါင်းကောက်ခံလို့ရတဲ့ ငွေပိုတွေကိုတော့ ဘုန်းကြီးကျောင်းကို လှူဒါန်းလိုက်ကြပါတယ်။

နောက်ဆုံး နှုတ်ဆက်လေးကတော့ တိချစ်သူတွေရဲ့ ရင်ကိုနွေးထွေးသွားစေခဲ့ပါတယ်။ နွားမလေးဟာ သူ့ကိုကယ်ခဲ့တဲ့သူ ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်း ပြသခဲ့ပါတယ်။


Ref; worldofbuzz


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။