ကောင်မလေးအကြိုက်ဆုံး ဒစ္စနေးကာတွန်းကို Hack ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား

စပရိုက်ကြိုက်တဲ့ အမျိုးသမီးတွေအတွက်တော့ ဒီလိုလက်ထပ်ခွင့်တောင်းနည်းမျိုးကို သဘောကျကြလိမ့်မယ် ထင်ပါတယ်။ ခုခေတ်မှာ အမျိုးသားတွေကလည်း ဘယ်လိုစပရိုက်လုပ်ရမလဲဆိုတာကို တော်တော်လေး လေ့လာထားကြပုံပါပဲ။ လက်ထပ်ခွင့်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့  စပရိုက်လုပ်ကြရာမှာ ဒီတစ်ခါစပရိုက်လေးကလည်း အားကျစရာကောင်းတာပါပဲ။


Lee Loechler ဆိုတဲ့ အမျိုးသားဟာ သူ့ ကောင်မလေး Sthuthi David ကို သူမအရမ်းကြိုက်တဲ့ ဒစ္စနေးကာတွန်းကြည့်ဖို့ ဆိုပြီး ကြိုတင်ဘိုကင် လုပ်ထားတဲ့ ရုပ်ရှင်ရုံကို ခေါ်သွားခဲ့ပါတယ်။ ကာတွန်းလေးကတော့ အားလုံးကြည့်ဖူးတဲ့ Sleeping Beauty ပဲ ဖြစ်ပါတယ်။ အဲဒီမှာ မင်းသမီးလေး အိပ်ပျော်နေတာကို နှိုးဖို့  မင်းသားက kiss ပေးတဲ့အခန်းရှိပါတယ်။ အဲဒီအခန်းမှာ Loechler ဟာ သူနဲ့ ကောင်မလေးရုပ်မျိုး ပြောင်းထားပြီး လက်ထပ်ခွင့်တောင်းလိုက်တဲ့ ပုံစံမျိုး ပြန်ပြောင်းထားလိုက်ပါတယ်။
ကောင်မလေးကလည်း အစက ကြောင်သွားတာပေါ့။ နမ်းတာပဲပါတာပါ။ လက်ထပ်ခွင့်တောင်းတာ မပါဘူးဆိုပြီးတော့။ နောက်မှ ကောင်လေးက လက်ထပ်လက်စွပ်ထုတ်ပြီး propose လုပ်တော့မှ အရမ်းတွေ အံ့သြပျော်ရွှင်သွားခဲ့ပါတယ်။ ရုပ်ရှင်ကို hack လိုက်တော့ အခြားကြည့်နေတဲ့သူတွေ အားနာစရာကြီးဆိုပြီး ကောင်မလေးက ပြောလိုက်ပါသေးတယ်။ နောက်မှ အတူကြည့်နေတဲ့သူတွေကလည်း သူမတို့ ရဲ့  မိသားစုနဲ့  သူငယ်ချင်းတွေပဲဆိုတာ သိခဲ့ရပါတယ်။
သူတို့ အားလုံးလည်း ဒီစပရိုက်ဖြစ်မြောက်ဖို့ ကူညီခဲ့ကြတာပါတဲ့။ Loechler ဟာ ဒီလိုမျိုး ဇာတ်ဝင်ခန်းကို လက်ထပ်ခွင့်တောင်းတဲ့အသွင်အဖြစ်ပြောင်းဖို့  ၆လလောက် ကြိုးစားခဲ့ရတာပါ။ သူပင်ပမ်းရကျိုးနပ်ခဲ့ပါတယ်။ ကောင်မလေးက Yes လို့ အဖြေပေးခဲ့ပါတယ်။ ကောင်လေးက No ဆိုတဲ့အဖြေအတွက်ပါ ကြိုတင်ပြင်ဆင်ထားခဲ့ပါသေးတယ်။ အားလုံးပြီးတော့ No ဖြေရင်ပြဖို့ scence လေးတစ်ခုကို နောက်ပြီး ပြသခဲ့ပါသေးတယ်။ လူပုလေးတွေ ငိုနေတဲ့ ပုံမျိုးနဲ့ ပါ။ တော်တော်လေး ပြင်ဆင်ခဲ့ရပုံပါပဲ။

Ref; www.upworthy.com