တောမီးမလောင်ခင်နဲ့ လောင်ကျွမ်းပြီးချိန်မှာ တွေ့ရတဲ့ သြစတြေးလျက နာမည်ကျော်နေရာများ

လနဲ့ချီအောင်လောင်ကျွမ်းနေတဲ့ သြစတြေးလျတောမီးကြောင့် နိုင်ငံရဲ့ အစိတ်အပိုင်းတချို့မှာ မီလျံနဲ့ချီတဲ့ မြေဧကတွေ လောင်ကျွမ်းသွားပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းတစ်ဘီလျံကျော် (သန်းတစ်ထောင်ကျော်) သေဆုံး သွားခဲ့ပါတယ်။ ဒေသခံလူထောင်ပေါင်းများစွာလည်း မီးဘေးရှောင်ဖို့အတွက် နေအိမ်တွေကို စွန့်ခွာပြေးခဲ့ကြပါတယ်။ အဲဒီတောမီး ကာလအတွင်းမှာ ခန့်မှန်းခြေ လူ ၂၅ ယောက်လောက် သေဆုံးသွားခဲ့ပါတယ်။

ကာလကြာလာတာနဲ့အမျှ မီးအရှိန်က ပိုပိုတိုးလာတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ပိုမိုများပြားလာခဲ့ပါ တယ်။ အခုလက်ရှိအချိန်အထိ တောမီးကို လုံးဝငြိမ်းသတ်နိုင်ခြင်း မရှိကြသေးပါဘူး။ တစ်ချိန်က သဘာဝအလှအပတွေ၊ စိမ်းလန်းတဲ့ တောတောင်ရေမြေတို့ကြောင့် လှပနေတဲ့ သြစတြေးလျတောင်ပိုင်းဟာ အခုဆိုရင် မီးလောင်ပြင်တွေကြောင့် တဖြည်းဖြည်း အကျည်းတန်လာခဲ့ပါပြီ။


Photo Credit: Twitter

တောမီးလောင်ကျွမ်းမှုကြောင့် ဝမ်းနည်းစရာကောင်းစွာ ပြောင်းလဲသွားရတဲ့ သြစတြေးလျနိုင်ငံက တချိ့နေရာ တွေရဲ့ မီးမလောင်ခင်က မူလအခြေအနေနဲ့ မီးလောင်ပြီး ပျက်စီးသွားတဲ့ အခြေအနေတွေကို စုစည်းဖော်ပြပေး လိုက်ပါတယ်။

- သြစတြေးလျနိုင်ငံ၊ New South Wales နယ်က Mid North Coast ကမ်းခြေတဝိုက်မှာ မီးလောင်ထားတဲ့ပုံ ဖြစ်ပါတယ်။ New South Wales နယ်ဟာ နိုင်ငံအတွင်းမှာ မီးဒဏ်ခံလိုက်ရတဲ့ အဆိုးရွားဆုံးပြည်နယ်ဖြစ်ပြီး မြေဟက်တာပေါင်း ၅ သန်းနီးပါးနဲ့ လူနေအိမ်ပေါင်း ၁၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Photo Credit: Reddit

- တောမီးသင့်သွားခဲ့တဲ့ သြစတြေးလျနိုင်ငံ၊ Mogo က Mogo Wildlife Park (တောရိုင်းဘေးမဲ့ဥယျာဉ်)


Photo Credit: Facebook/ Mogo Wildlife Park

- ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခါနီးမှာ တောမီးလောင်ကျွမ်းသွားတဲ့ သဘာဝ Blue Mountains

Sydney Herald မှာ ဖော်ပြထားချက်အရဆိုရင် Blue Mountains တောင်တန်းတွေပေါ်မှာ လူနေအိမ် ၁၀၀ လောက် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။


Photo Credit: Twitter

- ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ နာမည်ကျော်ရေပန်းစားတဲ့ သြစတြေးလျနိုင်ငံ၊ Kangaroo Island မှာရှိတဲ့ Southern Ocean Lodge ဟာလည်း မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။ အဲဒီအပန်းဖြေစခန်းရဲ့ website မှာ ဖော်ပြထားချက်အရ Kangaroo Island ဟာ သြစတြေးလျနိုင်ငံမှာ တတိယမြောက်အကြီးဆုံး ကျွန်းဖြစ်ပြီး သားပိုက်ကောင်အမျိုးမျိုးနဲ့ ပင်လယ်ဖျံတို့လို သဘာဝတောရိုင်းတိရိစ္ဆာန်တွေရှိရာမြေ ဖြစ်တာကြောင့် သဘာဝ ကို ချစ်မြတ်နိုးသူတွေကြားမှာ နာမည်ကြီးပါတယ်။
မကြာခင်က Instagram မှာ အဲဒီအပန်းဖြေစခန်းရဲ့ကြေညာချက်အရ အပန်းဖြေစခန်းဟာ တောမီးလောင်ကျွမ်း မှုကြောင့် ပျက်စီးသွားခဲ့ပေမဲ့ ရောက်ရှိနေကြတဲ့ ဧည့်သည်တွေအားလုံး ဘေးကင်းလုံခြုံကြတယ်လို့ သိရပါတယ်။


Photo Credit: Southern Ocean Lodge/ 7News

- ဗစ်တိုးရီးယားနယ်၊ Sarsfield မှာရှိတဲ့ အိမ်တစ်လုံးကတော့ ဘေးပတ်လည်မှာ ဝန်းရံနေတဲ့ အပင်တွေအားလုံး လောင်ကျွမ်းခဲ့ ပေမဲ့ အဓိကအဆောက်အအုံကြီးကတော့ ဒေသခံမီးသတ်သမားတွေရဲ့ ကျေးဇူးကြောင့် အံ့သြ စရာကောင်းစွာ မလောင်ကျွမ်းဘဲ ကျန်နေခဲ့ပါတယ်။


Photo Credit: Reddit/ Tom-Cotton

- သြစတြေးလျနိုင်ငံ၊ Canberra မြို့တော်မှာရှိတဲ့ တောရိုင်းဘေးမဲ့တောကို မီးမလောင်ခင်အခြေအနေနဲ့ မီးလောင်ပြီးမြင်ကွင်းကို နှိုင်းယှဉ်ပြထားတာပါ။ အဲဒီဓာတ်ပုံတွေကို Twitter သုံးစွဲသူတစ်ယောက်ဖြစ်တဲ့ Alex Knight က အွန်လိုင်းပေါ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။


Photo Credit: Twitter/ Alex Knight

- သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်က တံငါသည်မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ Mallacoota ဟာလည်း Wingan မြစ် တောမီးဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပါတယ်။ ဒေသခံများစွာဟာလည်း နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ပြေးခဲ့ရပါတယ်။ အဲဒီအကြောင်းကို Twitter သုံးစွဲသူ Daniel က ဖော်ပြခဲ့တာပါ။


Photo Credit: Twitter/ Travel Victoria

- Princes Highway လမ်းပေါ်က Old Genoa Bridge တံတားကြီးဟာလည်း မီးလောင်ကျွမ်းသွားခဲ့ပါတယ်။


Photo Credit: Twitter

- New South Wales မှာရှိတဲ့ Cobargo ရွာလေးဟာ တောမီးဒဏ်သင့်ခဲ့တာကြောင့် လူသုံးယောက်သေဆုံးခဲ့ ပြီး လူနေအိမ်ပေါင်း ၁ ဒါဇင်လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။


Photo Credit: Twitter

- New South Wales ပြည်နယ်က Tathra Beach ဟာ အရင်က သာယာလှပတဲ့ ကမ်းခြေတစ်ခုဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ တောမီးလောင်ကျွမ်းမှုရဲ့ အကျိုးဆက်ကြောင့် ကမ်းခြေရဲ့ကောင်းကင်နဲ့ သဲသောင်တွေဟာ လိမ္မော်ရောင်ပြောင်းပြီး ကြောက်စရာအတိ ဖြစ်နေပါတယ်။


Photo Credit: Reddit/ Jaxond24

- Kangaroo Island ဟာ တစ်ချိန်က သြစတြေးလျတောရဲ့ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေအတွက် နိဗ္ဗာန်ဘုံဖြစ်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ မီးဘေးသင့်သွားခဲ့ပြီး မီးလောင်ပြင်ကြီးဖြစ်သွားရုံတင်မကဘဲ တိရိစ္ဆာန်ပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရပါတယ်။


Photo Credit: Instagram

- တစ်ညကို ဒေါ်လာ ၂၀၀၀ လောက်ပေးရတဲ့ တည်းခိုခန်းတွေရှိတဲ့ Kangaroo Island ပေါ်က အပန်းဖြေစခန်း ဟာလည်း မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။ Kangaroo ကျွန်းမှာ မီးလောင်ကျွမ်းမှုကြောင့် ခိုအားလား အကောင်ရေ ၂၅,၀၀၀ လောက်အထိ သေဆုံးသွားတယ်လို့ ခန့်မှန်းထားကြပါတယ်။


Photo Credit: Reddit/ Jordlach

- သြစတြေးလျနိုင်ငံ တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကို နယူးဇီလန်နိုင်ငံ Aoraki (Mount Cook) ကနေတောင် တွေ့မြင်နေရပါပြီ။ အဲဒီတောင်တန်းဟာ နယူးဇီလန်မှာ အမြင့်ဆုံးဖြစ်ပြီး မီးခိုးတွေ ဝန်းရံနေပါတယ်။


Photo Credit: Twitter/ John Chandler

Source: https://crafty.diply.com/106469/photos-of-australia-before-and-after-wildfires-highlight-devasta


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။