ဟွန်ဘင်းအကြောင်း စိတ်ဝင်စားစရာ အချက် (၇) ချက်

ဟွန်ဘင်း (Hyun Bin) ဟာ အရင်ကတည်းက မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ တောင်ကိုရီးယားမင်းသား တစ်လက် ဖြစ်ပါတယ်။ သူ့ရဲ့ပီပြင်သရုပ်ဆောင်အရည်အချင်းကြောင့်တင်မက ချောမောခံ့ညားတဲ့ ရုပ်ရည်ရူပကာကလည်း မိန်းကလေးပရိသတ်တွေကို သည်းသည်းလှုပ်ဖြစ်စေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် သူ့ပါးနှစ်ဖက်ပေါ်က ပါးချိုင့်လေးတွေက သူ့ရဲ့ ဆွဲဆောင်အားတစ်ခုပါပဲ။


Image Credit: Pinterest

အခုလတ်တလောမှာလည်း တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ tvN က ထုတ်လွှင့်ပြသနေတဲ့ “Crush Landing on You” ဇာတ်လမ်းတွဲဟာ နိုင်ငံတကာပရိသတ်တွေကြားမှာ ရေးပန်းစားနေသလို ဟွန်ဘင်း တစ်ယောက်လည်း ခေတ်ပြန်ထလာပါတယ်။ အခုဆိုရင် သူ့ကို မြောက်ပိုင်းဗိုလ်ကြီးအဖြစ် ချစ်စနိုးညွှန်းဆို ခေါ်ဝေါ်နေကြပါတယ်။


Image Credit: Netflix

အဲဒါကြောင့် ဟွန်ဘင်းရဲ့ပရိသတ်တွေအတွက် သူ့အကြောင်းစိတ်ဝင်စားစရာ အချက်တွေထဲက (၇) ချက်ကို ဖော်ပြပေးချင်ပါတယ်။


Image Credit: Pinterest

၁။ ဟွန်ဘင်းရဲ့ နာမည်အရင်းဟာ Kim Tae-pyung ဖြစ်ပါတယ်။

၂။ ဟွန်ဘင်းကို ၁၉၈၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က မွေဖွားခဲ့တာကြောင့် အခုဆိုရင် အသက် ၃၇ နှစ် ရှိပါပြီ။


Image Credit: Pinterest

၃။ ဟွန်ဘင်းဟာ ငယ်ငယ်တုန်းက စုံထောက်တစ်ယောက် ဖြစ်ချင်ခဲ့ပါသတဲ့။ ဒါပေမဲ့ ကျောင်းသားဘဝမှာတော့ ကျောင်းပြဇာတ်အသင်းထဲ ဝင်ဖြစ်ရာကစလို့ အခုလို အနုပညာလောကထဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

၄။ ဟွန်ဘင်းဟာ ၂၀၀၄ ခုနှစ်မှာ Chung-Ang တက္ကသိုလ်ကနေ ပြဇာတ်ဘာသာနဲ့ ဘွဲ့ရရှိခဲ့ပြီး အဲဒီတက္ကသိုလ် မှာပဲ Master’s degree တက်ရောက်ခဲ့ပါတယ်။


Image Credit: Pinterest

၅။ ဟွန်ဘင်းဟာ ၂၀၀၃ ခုနှစ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၅ ခုနှစ်က “My Lovely Sam Soon” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့တာပါ။

၆။ ၂၀၁၆ ခုနှစ်ကစလို့ ဟွန်ဘင်းဟာ တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။


Image Credit: freepik

၇။ ဟွန်ဘင်းဟာ လက်ရှိအချိန်အထိ အိမ်ထောင်မပြုရသေးတဲ့ လူပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။

၈။ ဟွန်ဘင်းဟာ ၂၀၀၉ ခုနှစ်မှာ တောင်ကိုရီးယားမင်းသမီးချော ဆောင်းဟေဂိုနဲ့ တွဲခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၈ ခုနှစ်က The Way They Live ဒရမ်မာဇာတ်လမ်းမှာ တွေ့ဆုံမိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် မှာတော့ သူတို့ရဲ့ဇာတ်လမ်း အဆုံးသတ်သွားခဲ့ပါတယ်။


Image Credit: Pinterest

၉။ ဟွန်ဘင်းဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း မင်းသမီး Kang Sora နဲ့ တွဲခဲ့သေးပေမဲ့ မအားလပ်နိုင်ကြတဲ့ အချိန်ဇယားတွေကြောင့် ၁ နှစ်အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။


Image Credit: Pinterest

secret garden hyun bin gif

Source: https://www.cosmo.ph/entertainment/hyun-bin-facts-and-trivia-a2520-20200105?ref=article_reco_slide


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။