ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ကျွန်း(၂)ကျွန်း ရေနစ်မြှုပ်

ရာသီဥတုဖောက်ပြန်မှုဟာ အရမ်းကို အရေးကြီးတဲ့ အနေအထားကို ရောက်နေပါပြီ။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီဥတုဒဏ်တွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ အခုလည်း ရေမျက်နှာပြင် မြင့်တက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတရားမှာရှိတဲ့ ကျွန်းနှစ်ကျွန်း နစ်မြှုပ်ခဲ့ရပါတယ်။

Image result for 2 Islands in Indonesia Sunk by Rising Sea Levels

Photo; Bangkok Post

Indonedian Envioronment Forum (Walhi) ရဲ့ အချက်အလက်များအရ Betet နဲ့ Gundul ကျွန်းနှစ်ကျွန်းဟာ လက်ရှိမှာ ရေမျက်နှာပြင်ရဲ့ ၁မီတာနဲ့ ၃မီတာအောက် နစ်မြှုပ်နေပြီလို့ သိရပါတယ်။ ကျွန်းနှစ်ကျွန်းလုံးမှာ လူတော့ မနေပါဘူး။ Betet ကျွန်းကတော့ Berbak-Sembilang အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။

Image result for 2 Islands in Indonesia Sunk by Rising Sea Levels

Photo; Asia One

ဒီလိုသာ ဆက်ပြီး ရေတွေမြင့်တက်နေမယ်ဆိုရင် အခြားသော ကျွန်း(၄)ကျွန်းဖြစ်တဲ့ Burung ကျွန်း၊ Kalong ကျွန်း၊ Salah Namo ကျွန်း၊ Kramat ကျွန်းတွေလည်း နစ်မြှုပ်သွားမယ့်အခြေအနေမှာ ရှိနေပါတယ်။ အဲဒီ့ကျွန်း(၄)ကျွန်းဟာ ရေမျက်နှာပြင်အထက် ၀ မီတာကနေ ၃ မီတာအထက်မှာပဲ ရှိတော့တာပါ။ လောလောဆည် ဆူမားတရားတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့နေရာမှာ နစ်မြှုပ်သွားတဲ့ ကျွန်းအပါအဝင် ကျွန်းငယ်၂၃ ကျွန်းရှိပြီး လူတွေမနေထိုင်တော့ပါဘူး။

Image result for 2 Islands in Indonesia Sunk by Rising Sea Levels

Photo; Coconuts

Salah Namo ကျွန်းမှာနေထိုင်ကြသူတွေလည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကျွန်းပေါ်ကနေ ပြောင်းရွှေ့ကုန်ကြပါပြီ။ အရင်တုန်းကဆို လူတွေရဲ့အိမ်ရှေ့မှာ ကွင်းပြင်တွေရှိပြီး လူတွေအတွက် အပန်းဖြေစရာနေရာတွေ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အဲဒီကွင်းပြင်တွေမရှိတော့ဘဲ ရေပြင်တွေပဲ ရှိတော့တာကြောင့် လူတွေ ပြောင်းရွှေ့ကုန်ကြတာပါ။

Related image

Photo; bitshare.cm

ကိုယ့်ဆီ ဒီအန္တရာယ်တွေ ရောက်မလာသေးလို့သာ မသိကြတာပါ။ တကယ်တော့ ပျက်စီးယိုယွင်းမှုတွေက တဖြည်းဖြည်း ချစားသလို လှိုက်စားလာပါပြီ။ ကျွန်ုပ်တို့လူသားတွေအနေနဲ့ ကမ္ဘာကြီးမပျက်စီးသွားဖို့ ဘာတွေလုပ်ကြမလဲဆိုတာ အတူတူ ဝိုင်းဝန်းတွေးတောကြဖို့ လိုနေပါပြီ။

Image result for 2 Islands in Indonesia Sunk by Rising Sea Levels

Photo; Kazakhstan News

Ref; https://www.thestar.com.my/news/regional/2020/01/15/two-islands-in-sumatra-vanish-four-more-may-soon-sink


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။