
သြစတျေးလျမှာ သဲမုန်တိုင်း တိုက်ခတ်
သြစတျေးလျမှာ သဲမုန်တိုင်း တိုက်ပြန်ပြီ။ သြစတျေးလျရဲ့ Central West of NSW မှာ အနီရောင် ဖုန်မှန့်တွေ လွှမ်းခြုံခဲ့ပြီး အမှောင်ဖုံးခဲ့ပါတယ်။ ပုံတွေ ဗီဒီယိုတွေကတော့ ၁၉ ရက်နေ့က လူမှုကွန်ယက်မှာ တင်ထားခဲ့ကြတာပါ။
Video; Ruptly
Photo; Abbie Stevens/Facebook
သဲမုန်တိုင်းဟာ ပထမဆုံး Narromine မြို့နယ်မှာ စတင်ခဲ့ပြီး နောက်တော့ Dubbo မြို့ကို ရောက်လာခဲ့ပါတယ်။ အဲဒီကနေမှ Parkes ဆီ ဆက်တိုက်ခတ်ခဲ့ပါတယ်။ Dubbo မြို့မှာ တိုက်ခတ်သွားတဲ့ သဲမုန်တိုင်းရဲ့ တိုက်ခတ်နှန်းအရ တစ်နာရီကို ၁၀၇ ကီလိုမီတာရှိတယ်လို့ သိရပါတယ်။ ညနေ ၇နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။
Photo; HeathHarro/Twitter
သဲမုန်တိုင်းတိုက်ပြီး ၁ နာရီ မပြည့်ခင်မှာပဲ Dubbo လေယာဉ်ကွင်းမှာ မိုးရွာသွန်းခဲ့တာကြောင့် အခြေအနေ အနည်းငယ်ကောင်းသွားတယ်လို့ ဆိုရပါမယ်။ ၂၀ရက်နေ့(တနင်္လာနေ့)မှာလည်း မိုးကြိုးမုန်တိုင်း တိုက်ခတ်မယ်လို့ Bureau of Meteorology, Victoria က ခန့်မှန်းထားပါတယ်။
Photo; meter_geek/Twitter
“Central Victoria မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး NSW မှာ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်ပါလိမ့်မယ်။ နောက်ထပ် သုံးရက်လုံး မိုးရွာသွန်းပါမယ်။ Central and eastern Victoria မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းရရှိပါတယ်။” လို့ Bureau of Meteorology Page မှ ဝေမျှထားပါတယ်။
Photo; BOM_Vic/Twitter
Video; Guardian News
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။