၂၀၂၀ အစမှာတင် ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာအနှံ့က ကပ်ဆိုးများ

ကမ္ဘာကြီးရဲ့ သက်တမ်း ကုန်ဆုံးတော့မှာလား။ ဒါမှမဟုတ် လူတွေ ကမ္ဘာကြီးပေါ် မဆင်မခြင် လုပ်ခဲ့သမျှတွေအတွက် ကမ္ဘာမြေကြီး စိတ်ဆိုးနေပြီလား။ သဘာဝတရားကြောင့်ပဲ ဖြစ်ဖြစ်၊ လူတွေကြောင့်ပဲ ဖြစ်ဖြစ် ကမ္ဘာကြီးပေါ်မှာ ကပ်ဆိုးတွေဆိုက်လာပြီဆိုရင် အရင်ဆုံး ခံစားရမှာက ကျွနု်ပ်တို့ လူသားတွေပါ။ ပြီးတော့ ဘာအပြစ်မှ မရှိတဲ့ တိရိစ္ဆာန်လေးတွေ။

ကမ္ဘာကြီးကပ်ဆိုက်နေတာတောင် ကိုယ့်ဆီမရောက်သေးလို့ အေးအေးဆေးဆေး နေနိုင်သူတွေ အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် သိပ္ပံပညာအားကိုးနဲ့မိုက်နေတဲ့ လောဘသားတွေပေါ့။ ကမ္ဘာကြီးပျက်သွားရင်တောင် ဂရုမစိုက်ဘူးဆိုတဲ့သူမျိုး သင့်အနားမှာ ရှိနေရင် ဒီစာလေးကိုပြလိုက်ပါ။ ကိုယ်မခံရသေးလို့ မသိတာပါ။ ကိုယ့်နားကို အချိန်မရွေးရောက်လာနိုင်တယ်ဆိုတဲ့အကြောင်းလေး သတင်းပါးလိုက်ပါ။

၂၀၂၀၊ ဇန်နဝါရီလ တစ်လထဲမှာတင် ဘယ်လိုသဘာဝဘေးအန္တရာယ်ဆိုးတွေ ကြုံနေရလဲ တစ်ချက်လောက် ကြည့်ပါ။


၁) သြစတြေးလျ တောမီး၊ ရေကြီးမှု၊ မိုးသီးကြွေမှုနဲ့ သဲမုန်တိုင်း တိုက်ခတ်မှု


Photo; Time Out, BBC, Business Insider, abc.net.au

ဒီနှစ်ရဲ့ အဆိုးရွားဆုံး ဒုက္ခတွေကို ကြုံနေရတာ သြစတြေးလျလို့တောင် ပြောရပါမယ်။ ကပ်ဆိုးတွေ ဆက်တိုက်ဝင်နေတာများ မရပ်မနားပါပဲ။ တောမီးဟာ လူလုပ်လို့လောင်တယ်ဆိုတာထက် ရာသီဥတု ပြောင်းလဲမှုကြောင့်လဲ အများကြီးပါပါတယ်။ သြစတြေးလျဟာ ဒီနှစ်မှာ သမိုင်းတစ်လျှောက် အခြောက်သွေ့ဆုံး နွေကို ကြုံခဲ့ရပါတယ်။ 

ရှားပါးတိရိစ္ဆာန်များစွာကို သေဆုံးစေခဲ့တဲ့ ဒီတောမီးကို ငြိမ်းသတ်ဖို့ မိုးကို တောင်းတခဲ့ကြပါတယ်။ မိုးရောက်လာပြန်တော့လည်း ရေကြီးအောင် ရွာချလိုက်ပါတယ်။ အဲဒီ့နောက် ဂေါက်သီးလုံးလောက်ရှိတဲ့ မိုးသီးတွေ ကြွေတယ်။ သဲမုန်တိုင်းတွေ တိုက်တယ်။ နောက်ထပ်လည်း မိုးကြိုးမုန်တိုင်းတွေ တိုက်အုံးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


၂) နယူးဇီလန် ရေခဲမြစ် အညိုရောင်ပြောင်းခြင်း

Image result for Brown New Zealand Glaciers

Photo; CNN

သြစတြေးလျတောမီးရဲ့ဒဏ်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုလည်း သက်ရောက်မှုတစ်ခုခုတော့ ရှိမှာ အသေအချာပါပဲ။ တောမီးလောင်ပြီးနောက်ပိုင်း နယူးဇီလန်က ရေခဲမြစ်တွေ အညိုရောင် ပြောင်းသွားပါတယ်။ ဒါဟာ ရေခဲမြစ် အရည်ပျော်ကျတော့မယ့် အနေအထားပါ။ ရေခဲမြစ်အရည်ပျော်မှတော့ ရေမျက်နှာပြင်မြင့်တက်မှုတွေ ဖြစ်လာအုံးမှာပါ။


၃) ဖိလစ်ပိုင်နိုင်ငံ၊ Taal မီးတောင်ပေါက်ကွဲမှု

Image result for taal volcano eruption

Photo; Gulf News

Taal ဟာ ကမ္ဘာ့အသေးဆုံး မီးတောင်တွေထဲက တစ်ခုပါ။ အဲဒီမီးတောင်သေးသေးလေးဟာ ကြီးမားတဲ့ မီးခိုးလုံးတွေကို မှုတ်ထုတ်ခဲ့ပြီး မီးတောင်ဝအထက် ၁၄ ကီလိုမီတာထိ မြင့်တက်ခဲ့ပါတယ်။ ပြီးတော့ Taal မီးတောင်တစ်ခုတည်း ပေါက်ကွဲတာမဟုတ်ပါဘူး။ အခြားသော ကမ္ဘာအရပ်ရပ်က မီးတောင် ၂၅ခုလည်း ပေါက်ကွဲခဲ့တယ်လို့ Volcanic Ash Advisory က တင်ပြထားပါတယ်။


၄) Himalayas တောင်တန်းတွေမှာ မြက်ပင်ချုံနွယ်ထူထပ်လာမှု

Image result for Vegetation in the Himalayas

\Photo; New Scientist

ရာသီဥတု ဖောက်ပြန်မှုကြောင့် Himalaya တောင်တန်းတွေမှာ မြင်ပင်၊ ချုံပင်တွေ ထူထပ်လာပါတယ်။ အခြားဒေသတွေမှာတော့ မြက်ပင်ချုံနွယ်ထူထပ်တာက ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ Himalayas လို နေရာမျိုးအတွက်တော့ ချုံနွယ်တွေများလာတာဟာ ရေခဲမြစ်တွေ မြန်မြန်အရည်ပျော်မယ့်၊ ရေလွှမ်းမိုးမယ့် လက္ခဏာတွေဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ဆိုထားပါတယ်။


၅) ဒူဘိုင်း ရေလွှမ်းမိုးမှု

Image result for Floods in Dubai

Photo; Gulf News

ဒူဘိုင်းလို သဲကန္တာရ ထူထပ်တဲ့ နေရာမှာ ရေကြီးတယ်ဆိုတာ ရှားပါတယ်။ ဒီလတော့ ဒူဘိုင်းမှာ ရေကြီးခဲ့ပါတယ်။ အဲလိုရေကြီးမှုကြောင့် လေယာဉ်ပျံသန်းမှုတွေတောင် ရပ်နားထားခဲ့ရပါတယ်။ ဒါဟာလုံးဝ ပုံမှန်မဟုတ်ပါဘူး။ ဒူဘိုင်းဆိုတာ မိုးရွာသွန်းမှုနည်းတဲ့ မြို့မျိုးပါ။ ဒီတစ်ခါ ၃နာရီစာ ရွာတဲ့မိုးဟာ တစ်လစာရွာတဲ့မိုးနဲ့ သွားညီနေပါတယ်။


၆) အင်ဒိုနီးရှားနိုင်ငံ ရေလွှမ်းမိုးမှု

Image result for Flood in Indonesia

Photo; Ambiental Environmental Assessment

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုဟာ ဆယ်စုနှစ်တစ်ခုရဲ့ အဆိုးဆုံး ရေကြီးမှု ဖြစ်ခဲ့ပါတယ်။ ရေကြီးမှုဟာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုကြောင့် ဖြစ်ပါတယ်။ အဲဒီရေကြီးမှုကြောင့် ကိုယ်အပူချိန်ကျဆင်းခြင်း၊ ဓာတ်လိုက်ခြင်းဖြင့် လူ ၆၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရေမျက်နှာပြင် မြင့်တက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်း (၂) ကျွန်း နစ်မြှုပ်သွားပါပြီ။ နောက်ထပ် ကျွန်း(၄)ကျွန်းဟာလည်း စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။


၇) အမေရိက တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း

Image result for Storms in America’s Deep South

Photo; The Sun

တောင်အမေရိက က Texas၊ Alabama၊ Louisiana ပြည်နယ်တွေမှာ တိုက်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် လူ၁၁ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီဒေသတွေမှာ ကြမ်းတမ်းတဲ့ ရေလွှမ်းမိုးမှုတွေ၊ လေတိုက်ခတ်မှုတွေနဲ့ မိုးကြိုးမုန်တိုင်းတွေ ကြုံနေကြရပါတယ်။

Image result for world is dying

Photo; Think Magazine

အခုပြောပြခဲ့တာတွေက လက်လှမ်းမှီသလောက် ရာသီဥတုဖောက်ပြန်မှုတွေဖြစ်ပြီး လူတွေကြောင့် ဖြစ်တဲ့ ရောဂါပိုးမွှားတွေ၊ စစ်ပွဲတွေအကြောင်း မပါသေးပါဘူး။ ဥပမာ - တရုတ်မှာ ပျံ့နှံ့နေတဲ့ သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်၊ အမေရိကန်နဲ့အီရန်တို့ကြားက ပိုတင်းမာလာတဲ့ စစ်ပွဲတွေ ပေါ့။ ဒါတောင် ကျွန်ုပ်တို့ သတိမထားမိတဲ့နေရာတွေမှာ ဘယ်လိုကပ်မျိုးတွေ ကြုံနေကြရသေးလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲ။

IT ခေတ်ကြီးထဲမှာ စက်ပစ္စည်းတွေ အားကိုးနဲ့ သဘာဝတရားကြီးကို ပုန်ကန်နေခဲ့တာ ဘယ်လောက်များ ကြာနေပြီလဲ။ သိပ္ပံပညာကို နတ်ဘုရားတစ်ပါးလို အားကိုးပြီး လောဘတက်နေတာတွေ ရပ်သင့်နေပါပြီ။ ကမ္ဘာကြီးဖျားနာနေပြီလေ။ အပြီးတိုင် ပြိုလဲမသွားခင် သဘာဝပတ်ဝန်းကျင်ကို ပြုစုပေးဖို့ လိုပါတယ်။

ကျွန်ုပ်တို့ အခုလတ်တလော ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့ -

- သဘာဝစွမ်းအင်တွေကို ဉာဏ်ရှိရှိ သုံးစွဲပါ

- ပလပ်စတစ်သုံးတာတွေ လျှော့ပါ

- အပင်စိုက်ပါ

- မီးခိုးငွေ့ထွက်စေတဲ့အရာတွေကို သုံးတာ လျှော့ပါ

- လူအချင်းချင်းကူညီပါ၊ မေတ္တာထားပါ


Source;


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။