သီရိလင်္ကာ Bellanwila ဘုန်းကြီးကျောင်းမှာ နှိပ်စက်ခံရနေရတဲ့ မြန်မာဆင် Myan Prince

Bellanwila Raja Maha Viharaya ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ Myan Prince ဆိုတဲ့ မြန်မာဆင်လေး နှိပ်စက်ခံနေရပါတယ်။ Myan Prince ဆိုတာ မြန်မာနိုင်ငံမှ သီရိလင်္ကာကို ချစ်ကြည်ရေးအနေနဲ့ လက်ဆောင်ပေးထားတဲ့ ဆင်လေးပါ။ အခုဒီဆင်လေးဟာ ရိုက်နှက်နှိပ်စက်ခံနေရတယ်လို့ Nilmini Welivita ဆိုတဲ့ Facebook Account မှ ဗီဒီယိုနှင့်တကွ တင်ထားပါတယ်။

" target="_blank">

Bellanwila ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားကတည်းက ဆင်လေးဟာ နှိပ်ဆက်ခံနေရတာပါ။ တစ်နေ့ ဆင်လေး မှုံယိုနေတဲ့အချိန်၊ ဒါမှမဟုတ် စိတ်မကြည်လင်တဲ့အချိန်တုန်းက ဆင်လေးရဲ့နှာမောင်းနဲ့ ဘုန်းတော်ကြီးကို မတော်တဆ ခိုက်မိခဲ့ပါတယ်။ အဲလိုခိုက်မိရာကနေ ဘုန်းတော်ကြီး နှလုံးရောဂါနဲ့ ပျံလွန်တော်မူရတယ်ဆိုပြီး ဆင်လေးကို အငြှိုးနဲ့ နှိပ်စက်တာ ဖြစ်ပါတယ်။

Video; Ness A

ဆင်လေးကို အမြဲတမ်း သစ်ပင်မှာ ချည်ထားပြီး စားတာ၊ အိပ်တာ၊ မစင်စွန့်တာကို တစ်နေရာတည်းမှာပဲ ပြုလုပ်ရရှာပါတယ်။ နေ့စဉ်လုပ်ငန်းစဉ်တွေဖြစ်တဲ့ တစ်နေ့ကို မိုင် ၃၀ ကနေ ၄၀ လမ်းလျှောက်တာမျိုးလည်း လုပ်ခွင့်မရပါဘူး။ ဆင်ထိန်းရဲ့ ရိုက်နှက်နှိပ်စက်တာတွေလည်း ခံရပါတယ်။ အခုလို နှိပ်စက်ခိုင်းတာက ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီးနဲ့ ညီအကိုတော်တဲ့ ဘုန်းကြီးဖြစ်ပါတယ်။ အခုလို ဘုန်းကြီးတု၊ စီးပွားရေးသမားတွေကို အရေးယူပေးဖို့ Nilmini Welivita အကောင့်ပိုင်ရှင်မှ သမ္မတဆီကို ရေးသားတိုင်ကြားထားပါတယ်။


Bellanwila Rajamaha Viharaya Facebook Page

ဒီနေရာမှာ တစ်ခုပြောချင်တာက သီရိလင်္ကာက လူတိုင်း၊ ဘုန်းကြီးကျောင်းတိုင်းကတော့ ဆင်တွေကို နှိပ်စက်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံကို နာမည်တပ်ပြီး ထိခိုက်စော်ကားတဲ့စကားမျိုးတွေ မပြောမိဖို့တော့ အရေးကြီးပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သီရိလင်္ကာရဲ့ သမ္မတ၊ ဝန်ကြီးချုပ်နဲ့၊ နိုင်ငံခြားရေးဝန်ကြီးတို့ဆီ အသနားခံလွှာတင်ချင်တယ်ဆိုရင်တော့ ဒီ Link ( https://www.thepetitionsite.com/895/642/993/help-abused-elephant-at-bellanwila-temple-in-sri-lanka/?fbclid=IwAR0b7HRGH3nL14x0xpcgI31uxISnJtSLp5cHGKJfJZqC5EVsDn6bIbGhsPY ) မှာ ဝင်ရောက် sign up လုပ်နိုင်ပါတယ်။


Photo; the petition site


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။