Diet သမားတွေအတွက် အသင့်လျော်ဆုံး ငါးအသားပြားကင်

ငါးကို ကင်ထားတယ်ဆိုပေမယ့် ဆီနည်းနည်းလေးနဲ့ ကြော်ထားတယ်ဆိုရင် ပိုမှန်ပါတယ်။ လုပ်ရတာ လွယ်ကူပြီးတော့ စားလို့လည်း အရမ်းကောင်းတဲ့အပြင်

Diet လုပ်တဲ့ သူတွေအတွက်လည်း အဆင်ပြေစေမယ့် နည်းလေးလို့ထင်ပါတယ်။


ငါးတန် (အရိုးထုတ်ထားပြီး)

သံလွင်ဆီ / ပဲဆီ

ဆား

ငရုတ်ကောင်း

ပဲငံပြာရည်


ငါးကို ရေဆေးပါ။ အရေခွံတွေကို ခွှာပါ။ အနေတော် အရွယ်လေးတွေလှီးထားပါ။ ရေခြောက်အောင် စစ်ထားပါ။ အဝတ်သန့်တာလေးနဲ့ ရေစုပ်အောင်သုတ်လိုက်လည်းရပါတယ်။ ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည် နဲ့ နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။


မကပ်တဲ့ဒယ်ကို ပူလာအောင် အပူပေးပါ။ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ကို အပူပေးပါ။ ဆီကို ဒယ်အနှံ့ဖြန့်ပေးပါ။ ငါးထည့်ကာ ကြော်ပေးပါ။ တစ်ဖက်က အရောင်ပြောင်းလာရင် နောက်တဖက်လှန်ကြော်ပါ။ ငါးအတုံးတွေများလို့ရှိရင်တော့ ဒယ်ထဲမှာ ဆီမရှိတော့ရင်ထပ်ထည့်ကြော်ပေးပါ။ မီးအရှိန်မပြင်းရပါဘူးနော်။ မဟုတ်ရင် အတွင်းသားမကျက်ပဲဖြစ်တတ်ပါတယ်။ 

ဒီနည်းလေးကတော့ တကယ်ကို စားလို့ကောင်းတာမို့ ငါးကို ဒီတိုင်းကြီးပဲ စားမဲ့အစား တစ်ခါလောက်ဖြစ်ဖြစ် လုပ်စားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်. . .

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။