ဝူဟန်မှ ပြည်ပထွက်ခွာခွင့်တွေကို ပိတ်လိုက်ပြီ

Photo; Yahoo

လူအချင်းချင်း ကူးစက်နိုင်ပြီး သေစေနိုင်လောက်တဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူ ၁၇ ယောက်သေပြီး ၅၄၈ ယောက် ကူးစက်ခံနေရတယ်လို့ ယနေ့(ဇန်နဝါရီ ၂၃ရက်နေ့) မနက်မှာပဲ Sin Chew Daily မှ ထုတ်ပြန်ထားပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ဟာ အခုဆိုရင် အရှေ့တိုင်းသာမက အနောက်တိုင်း နိုင်ငံတွေထိ ပျံ့နှံ့နေပါပြီ။

Disinfectant is sprayed on Wednesday at a train station in Wuhan, China, the center of the coronavirus outbreak.

Photo; NY Times

သတင်းကောင်းကတော့ ဝူဟန်မှာ ယနေ့မနက် ၁၀နာရီကပဲ ပြည်ပထွက်ခွာခွင့် အားလုံးကို ယနေ့(ဇန်နဝါရီ ၂၃ရက်နေ့) မနက် ၁၀ နာရီမှစပြီး ရထားဘူတာ၊ လေယာဉ်ကွင်း အားလုံးကို ပိတ်ချထားလိုက်ပါပြီ။ ဘက်စ်ကား၊ မြေအောက်ရထား၊ ဖယ်ရီ၊ အဝေးပြေးကားတွေကိုလည်း ယာယီပိတ်ခိုင်းထားပါတယ်။ အရေးကြီးကိစ္စမရှိရင် မြို့ပြင်ကိုမထွက်ဖို့ အစိုးရက သတိပေးထားပါတယ်။

Photo; Yahoo

ဝူဟန်ထဲဝင်တဲ့ ကားတွေ၊ အထူးသဖြင့် တိရိစ္ဆာန်ပို့ဆောင်တဲ့ ယာဉ်တွေကို သေချာစစ်ဆေးနေပါတယ်။ တရုတ်နှစ်ကူး ပိတ်ရက်မှာ ပြုလုပ်မယ့် လူထုပျော်ပွဲရွှင်ပွဲတွေကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။ ဝူဟန်မြို့သားတွေအနေနဲ့ မြို့ပြင်ကို မထွက်ဖို့၊ ပြည်ပမှလည်း ဝူဟန်ထဲကို မဝင်ဖို့ ဝူဟန်ရဲ့မြို့ဝန်က အကြံပြုထားပါတယ်။


Photo; NY Times

သတင်းဆိုးကတော့ ယနေ့မနက်ပဲ ဝူဟန်ကနေ မြန်မာနိုင်ငံကို လေယာဉ်ဆိုက်လာပြီလို့ Thant Myint-U ဆိုသူရဲ့ Twitter မှာ မျှဝေထားပါတယ်။ ဝူဟန်က ယနေ့မနက် ၁၀ နာရီမှာ ပြည်ထွက်ခွင့်တွေ ပိတ်လိုက်တာဖြစ်ပြီး လေယာဉ်အမှတ် MU2659 ဟာ မနေ့ည ၁၀ နာရီ ၅၅ မိနစ်ကမှ ရန်ကုန်ကို ထွက်ခွာလာခဲ့ပါတယ်။ 

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။

ဒါကြောင့် အားလုံးပဲ သတိထားကြဖို့ လိုပါတယ်။ Face Mask တပ်တာလောက်က သိပ်ပြီးမထိရောက်ဘူးလို့တော့ ဆရာဝန်အများစုက ဆိုပါတယ်။ အများသုံးပစ္စည်းတစ်ခုခု ကိုင်ပြီးရင် လက်ကို ပိုးသတ်ဆပ်ပြာနဲ့ သေချာဆေးပေးဖို့လည်း လိုပါတယ်။


Source; https://www.worldofbuzz.com/wuhan-shuts-down-outgoing-transportation-bans-over-11-million-residents-from-leaving/?fbclid=IwAR0I5xcaTJENKwe4SvfVE2LlygswzoZvyIa-56uIQ6CJl8GXB89uQ0iPFfw