အဖျားကျဆေးတွေ ဆက်တိုက်သောက်ပြီး ပြည်ပကိုခရီးခိုးထွက်ခဲ့တဲ့ ဝူဟန်မြို့သူ

ဝူဟန်မြို့သူဖြစ်တဲ့ Yan ဆိုတဲ့ မိန်းကလေးဟာ နေမကောင်းဖြစ်နေလျက်နဲ့ လေဆိပ် ကျန်းမာရေးအစောင့်အကြပ်တွေကို အောင်မြင်စွာ တစ်ပတ်ရိုက်နိုင်ခဲ့ပြီး Paris နဲ့ Lyon ကို အားလပ်ရက် ခရီးထွက်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့ သူမရဲ့ WeChat မှာ တင်ထားခဲ့ပါတယ်။

 ID-2374335

Photo; setn

Yan ဟာ လေဆိပ် ကျန်းမာရေးစစ်ဆေးသူတွေကို ဖြတ်ကျော်ဖို့အတွက် Antipyretic လို့ခေါ်တဲ့ အဖျားကျဆေးကို တောက်လျှောက်သောက်ခဲ့ပါတယ်။ ဝူဟန်မှာ ဗိုင်းရပ်စ်ကြောင့် လေဆိပ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတဲ့ကြားက ပြင်သစ်မှာရှိတဲ့ သူငယ်ချင်းနဲ့တွေ့ဖို့ လေယာဉ်ပေါ် မရရအောင် တက်ခဲ့ပါတယ်။

အဖျားကျဆေးတွေ ဆက်တိုက်သောက်ပြီး ကိုယ်ပူချိန် ကျနေတာကြောင့် လေဆိပ်မှာ Temperature Scan ဖတ်တာကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူမဘယ်လို တစ်ပတ်ရိုက်ခဲ့တယ်ဆိုတာကို ဂုဏ်ယူစွာပြောပြီး သူမရဲ့ ဥရောပခရီးမှာ ရိုက်ထားတဲ့ပုံတွေကို တင်ထားပါတယ်။

 ID-2374336

Photo; setn

“Bonjour, Paris! ဝူဟန်မြို့သား တစ်ယောက်ပေမယ့် အထူးကျန်းမာရေးဖတ်ကြားမှုတွေ၊ သီးခြား ကိုယ်ပူချိန် စမ်းသပ်မှုတွေ မလုပ်ခဲ့ရပါဘူး။” လို့ရေးသားထားပြီး EXKi Chaussee d’Antin ဆိုတဲ့ ပြင်သစ်ဆိုင်မှာ ကော်ဖီနဲ့မုန့် စားနေတဲ့ပုံကို တင်ခဲ့ပါတယ်။

ဒီသတင်းကို သိသွားတဲ့ တရုတ်နိုင်ငံသားတွေဟာ သူမ လုပ်ရပ်ကြောင့် အရမ်း စိုးရိမ်ခဲ့ကြပါတယ်။ ဘာစစ်ဆေးမှုမှ မလုပ်ခဲ့တဲ့အတွက် Yan မှာ ဗိုင်းရပ်စ်ရှိနေမလား မသိနိုင်ဘူးလေ။ နောက်ပြီး Yan ဟာ ရောဂါလက္ခဏာဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာတွေ ဖြစ်နေတယ်လေ။ တကယ်ပဲ ရောဂါကူးစက်ခံနေရရင် သူမဟာ ကမ္ဘာကြီးထဲကို ရောဂါပျံ့နှံ့စေသူဖြစ်သွားလိမ့်မယ်ဆိုပြီး တရုတ်နိုင်ငံသားတွေက ပြစ်တင်ပြောဆိုထားကြပါတယ်။

Image result for chinese embassy in france

Photo; zh.m.wikipedia

Yan ရဲ့တစ်ကိုယ်ကောင်းဆန်မှုကို သိသွားပြီးနောက် ပြင်သစ်နိုင်ငံရှိ တရုတ်သံရုံးမှ Yan ကို ဆက်သွယ်ခဲ့ပါတယ်။ သံရုံးမှာ သူမနဲ့ပတ်သက်ပြီး တိုင်စာတွေရောက်နေတာကြောင့် အရေးယူဖို့ခေါ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ သံရုံးမှ Yan နဲ့ အဆက်အသွယ်ရခဲ့ပြီး အနီးစပ်ဆုံး ပြင်သစ်ဆေးရုံမှာ ဆေးစစ်ခိုင်းခဲ့ပါတယ်။

ကံကောင်းထောက်မစွာပဲ Yan မှာ ရောဂါပိုး ရှိမနေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပဲ မဟုတ်ပါလား။ 


Source; https://www.worldofbuzz.com/selfish-wuhan-girl-with-fever-cough-eats-medicine-to-trick-airport-health-control-so-she-can-travel/?fbclid=IwAR1bQOHCwGgNOR4oXIR4Y-kveaC9IEku-XKL04nbVTbDwl-FY5VwQhcnbQM


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။