ဗိုင်းရပ်စ်ကူးစက်ခံရသူများကို ကုသရန် ခုတင်တစ်ထောင်ဆန့်ဆေးရုံကြီး တစ်ပတ်အတွင်းတည်ဆောက်မည်

၂၄၊ ဇန်နဝါရီ၊ ဘေဂျင်း။

တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ခဲ့သော ဗိုင်းရပ်စ်သည် ယခုအခါ စိုးရိမ်ဖွယ်အနေအထားသို့ရောက်ရှိနေပြီဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံထဲတွင်ပင် ကူးစက်ခံရသူ ၈၀၀ ကျော်ရှိနေပြီး လူ ၂၅ ဦးသေဆုံးခဲ့သည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား နှင့် စင်ကာပူနိုင်ငံများတွင် ကူးစက်မှုများစတင်တွေ့ရှိကြောင်း သက်ဆိုင်ရာနိုင်ငံများက ထုတ်ပြန်သည်။


Image Credit - CNB

ထိုကဲ့သို့ ကူးစက်ခံရသူလူနာများကို ကုသရန် ကုတင် ၁၀၀၀ ဆန့်ဆေးရုံကြီးကို ဝူဟန်မြို့တွင် တည်ဆောက်ရန် အာဏာပိုင်များက စီစဉ်နေပြီဖြစ်သည်။ သတင်းများအရ ထိုဆေးရုံကြီးကို တစ်ပတ်အတွင်း တည်ဆောက်မည်ဖြစ်သည်။ လက်ရှိတွင် ဆေးရုံတည်ဆောက်ရန်နေရာသို့ အကြီးစားယန္တရားကြီးများမှ ဖောင်ဒေးရှင်းတည်ဆောက်ရန် ရောက်ရှိနေပြီး တည်ဆောက်မှုကို လာမည့်အပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။


Image Credit - southchinamorningposts

ဝူဟန်ဗိုင်းရပ်စ်မှာ ပြင်းထန်သောအဖျားရောဂါ ဖြစ်ပြီး Coronavirus အနွယ်ဝင်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးမှ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်မှာ လူတစ်ဦးမှ တစ်ဦးသို့ကူးစက်တတ်သော ( epidermal disease ) ရောဂါဖြစ်ပြီး လွန်ခဲ့သော ဒီဇင်ဘာ ၂၄၊ ဝူဟန်မြို့ရှိ ရေထွက်ကုန်များရောင်းချသော ဈေးကြီးမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားမှုအများစုမှာ ဝူဟန်မြို့လယ်မှဖြစ်ပြီး ဗွီဒီယိုတစ်ချို့တွင် လမ်းများမှာ ခြောက်ကပ်နေပြီး လဲကျနေသောလူတစ်ချို့ကို ကျန်းမာရေးဝန်ထမ်းများက ပြုစုနေပုံကိုမြင်ရသည်။


Image Credit - telegraph.co.uk

ဖြည့်စွက် : ၂၄၊ ဇန်နဝါရီ channel news asia မှ ထုတ်ပြန်သော သတင်းတစ်ပုဒ်အရ Coronavirus ကို ကမ္ဘာလုံးဆိုင်ရာစိုးရိမ်တကြီးစောင့်ကြည့်ရမည့် ဗိုင်းရပ်စ်အဖြစ် ထုတ်ပြန်ကြေငြာရန်စောလွန်းသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး ( WHO ) က ထုတ်ပြန်ထားသည်။


Image Credit - the nations

TikiTiki
Source - https://www.channelnewsasia.com/news/asia/wuhan-coronavirus-china-building-1000-bed-hospital-12320942












we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။