ဝူဟန်ဗိုင်းရပ်စ်ကနေ အထိုက်အလျောက်ကာကွယ်နိုင်ဖို့ စားသင့်တဲ့ အစားအသောက် (၅) မျိုး

အခုလိုအချိန်မှာ သင့်အနေနဲ့ ကိုယ်ခံစွမ်းအားကို တတ်နိုင်သလောက် မြှင့်တင်ထားဖို့ လိုအပ်နေပါပြီ။ အောက်ဖော်ပြပါ အစားအသောက် ၅ မျိုးကတော့ သင့်ကို တခြားလူတွေနဲ့ယှဥ်ရင် ကိုယ်ခံစွမ်းအားမြင့်နေစေမှာဖြစ်ပြီး ဝူဟန်ဗိုင်းရပ်စ်ကနေပါ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

အဲ့တာတွေက ဘာတွေလဲဆိုတော့. . .


၁။ ချဥ်တဲ့ အသီးတွေ


လိမ္မော်သီး ၊ သံပုရာသီး ၊ ဂရိတ်ဖရုသီးတွေကိုပြောတာပါ။ သူတို့မှာအများဆုံးပါတဲ့ vatmin C က သွေးဖြူဥ ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သင့်ကို ကိုယ်ခံစွမ်းအားမြင့်တက်လာစေပါတယ်။


၂။ ငရုတ်ပွအနီ


ငရုတ်ပွသီးအနီမှာတော့ vatamin C အပြင် beta carotene ကြွယ်ဝစွာပါဝင်ပါတယ်။ beta carotene က သင့်ကို မျက်လုံးနဲ့ အရေပြားကျန်းမာရေးအတွက် အများကြီးအထောက်အကူပေးနိုင်လို့ ဒီနေရာတွေကနေ ပိုးမွှားကူးစက်မဲ့ အန္တရညယ်ကနေပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။


၃။ ပန်းပွင့်စိမ်း


ပန်းပွင့်စိမ်းမှာ ဗီတာမင် A , C , E တွေကြွယ်ဝစွာပါဝင်လို့ သင့်ရဲ့ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ bracoli ကို ဖြစ်နိုင်ရင် အနည်းငယ်သာချက်ပြုတ်ဖို့ ရည်ညွှန်းကြပါတယ်။ အစိမ်းတိုင်း သေချာဆေးကြောပြီးစားတာကလည်း ဗီတာမင်ဓါတ်တွေကို ပိုမိုရရှိစေပါတယ်။


၄။ ကြက်သွန်ဖြူ


ကြက်သွန်ဖြူကလည်း ရောဂါကာကွယ်ပေးနိုင်တဲ့နေရာမှာ နာမည်ကြီးလှပါတယ်။သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးကျန်းမာရေးအတွက်ပါ ထောက်ပံ့ပေးနိုင်တဲ့ အတွက် အခုလိုအချိန်မှာ မဖြစ်မနေ စားသင့်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။


၅။ ဂျင်း


ဂျင်းက လည်ချောင်း ရောင်ရမ်းတာနဲ့ ခြောက်ကပ်နာကျင်တာတွေကို သက်သာစေလို့ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့ အခုလိုဗိုင်းရပ်စ်မျိုးအတွက်ကို အသင့်လျော်ဆုံးလို့ ဆိုရပါမယ်။ 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။