နိုင်ငံကူးလက်မှတ်ကို ကိုက်ဖြတ်ပြီး သခင်မရဲ့ဝူဟန်ခရီးစဉ်ကို ပျက်သွားစေတဲ့ ခွေးလေး

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ဟာ အခုလက်ရှိဖြစ်ပွားနေတဲ့ Coronavirus စတင်ပျံ့နှံ့ရာ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက မြို့အဝင်အထွက်ကို ပိတ်ပြီး ဆယ်သွယ်ရေးလမ်းကြောင်းတွေလည်း ဖြတ်တောက် ထားလိုက်ပါပြီ။ ဝူဟန်မြို့တော်အတွင်းမှာ ဒေသခံတွေတင်မက နိုင်ငံခြားသားတွေလည်း ပိတ်မိနေကြပါတယ်။ ထိုင်ဝမ်အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ခွေးမလေး ကြောင့် အဲဒီလို ဝူဟန်မြို့မှာ ပိတ်မိမယ့်အရေးကနေ ကပ်လွတ်သွားခဲ့ပါတယ်။


Image Credit: Facebook

ထိုင်ဝမ်က အဆိုပါအမျိုးသမီးဟာ အခုလ (ဇန်နဝါရီလ) အစောပိုင်းမှာ ဝူဟန်မြို့ကို သွားရောက်ဖို့ စီစဉ်ထားခဲ့ တာပါ။ ဒါပေမဲ့ သူမမွေးထားတဲ့ ခွေးမလေးက သူမရဲ့နိုင်ငံကူးလက်မှတ်ကို ကိုက်ဖြတ်ပစ်လိုက်တာကြောင့် သွားမယ့်အစီအစဉ် ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ မဟုတ်ရင် အခုလောက်ဆို သူမဟာ ဝူဟန်မှာ ပိတ်မိနေသူ တွေထဲ ပါဝင်နေလောက်ပါပြီ။ အခုဆိုရင်တော့ သူမဟာ ခွေးမလေးကို ကျေးဇူးတင်နေပါပြီ။


Image Credit: Facebook

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ထိုင်ဝမ်အမျိုးသမီးဟာ သူမရဲ့ Pooch အမျိုးအစား ခွေးမလေး Kimi ကိုက်ဖြတ်ထားတဲ့ နိုင်ငံကူးလတ်မှတ်ပုံကို Facebook လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံကူးလက်မှတ် ပျက်စီးသွားတာကြောင့် သူမစီစဉ်ထားတဲ့ ရက်မှာ ခရီးမသွားနိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ဝူဟန်မှာ ကူးစက်မြန် ဗိုင်းရပ်စ်သစ် စတင်ဖြစ်ပွားပြီး မြို့အဝင်အထွက်ပိတ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။


Image Credit: Facebook

အဲဒါကြောင့် သူမဟာ လူမှုကွန်ယက်မှာ “ဒီနိုင်ငံကူးလက်မှတ်ကို မှတ်မိလား၊ ဒီကလေးက ကျွန်မကို ကယ်လိုက်တာပဲ” လို့ အဓိပ္ပါယ်ရတဲ့ ပို့စ်အသစ် ထပ်တင်ခဲ့ပါတယ်။ ဒါ့ပြင် “ငါ့ကို ကယ်လိုက်တဲ့အတွက် ကျေးဇူးပါ၊ ငါမင်းနဲ့တွေ့ရတာ သိပ်ကံကောင်းတာပဲ၊ ပိုချစ်သွားပြီး ငါ့သမီးလေး” ဆိုပြီး သူမရဲ့ခွေးမလေး Kimi ကို ရည်ညွှန်းတဲ့ စာသားတွေကိုလည်း ရေးတင်ခဲ့ပါတယ်။


Image Credit: Getty Image    

ဇန်နဝါရီ ၂၆ ရက်နေ့ကအထိ ရုတ်နိုင်ငံမှာ Coronavirus ကူးစက်ခံရသူပေါင်း နှစ်ထောင်ကျော်လာခဲ့ပြီး သေဆုံးသူ ၈၀ လောက် ရှိခဲ့ပါတယ်။ အဲဒီကူးစက်မြန်ရောဂါပိုးသစ်ဟာ ထိုင်း၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ အပါအဝင် အာရှနိုင်ငံ တချို့တင်မက အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတို့မှာပါ စတင်ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။


Image Credit: Daily Mail

Source: https://www.dailymail.co.uk/news/article-7931531/Dog-owner-thanks-pesky-pooch-chewing-passport-forcing-cancel-trip-Wuhan.html?fbclid=IwAR1E-efKKHXaDqQcGcN1fL38-1dEdJXEMNa9Xo4qh5-OY8PjzE5sml2O-qs
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။