Blackpink အဖွဲ့မှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရသူက ဘယ်သူလဲ?

ယောက်ျားလေး၊ မိန်းကလေးမရွေး အသဲစွဲကြိုက်ကြတဲ့ Kpop Girl Group Blackpink အဖွဲ့မှာ Jennie ၊ Jisoo ၊ Chaeyoung (Rose) နဲ့ Lisa ဆိုပြီး အဖွဲ့ဝင်လေးယောက် ရှိပါတယ်။ သူတို့ထဲမှာ ဘယ်သူက ကျောထောက်နောက်ခံ ကောင်းကောင်းနဲ့ ကြီးပြင်းလာပြီး၊ ဘယ်သူက ဆင်းဆင်းရဲရဲ ကြီးပြင်းလာရလဲဆိုတဲ့ မေးခွန်းမျိုး မေးလာခဲ့မယ်ဆိုရင်တော့ -


Jennie

Image result for blackpink jennie

Photo; Quora

ဂျဲနီရဲ့ အမေဟာ CJ ENM ရဲ့အထက်လူကြီးတစ်ယောက်ဖြစ်တဲ့အပြင် ရှယ်ယာဝင်လည်း ဖြစ်ပါတယ်။ CJ ENM ဆိုတာ တောင်ကိုရီးယားမှာ အကြီးဆုံး Entertainment နဲ့ Media ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဂျဲနီရဲ့အဖေဟာလည်း ဆေးရုံပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ အဲလို ချမ်းသာတဲ့ မိသားစုမှာ ဂျဲနီဟာ တစ်ဦးတည်းသော သမီးပါ။ အသက် (၉) နှစ်လောက်နဲ့ နျူးဇီလန်မှာ ပညာတော်သင်သွားခဲ့ပါတယ်။ အသက် (၁၄) နှစ်မှာ အမေဖြစ်သူက ဖလောရီဒါမှာ နေဖို့တိုက်တွန်းခဲ့ပေမယ့် ဂျဲနီက Kpop လောကကိုပဲ စိတ်ဝင်စားတာကြောင့် တောင်ကိုရီးယားကို ပြန်လာခဲ့တာပါ။


Rose

Related image

Photo; Blackpink Official Tumblr

ရို့စ်ရဲ့အဖေဟာ သြစတြေးလျမှာ ဂုဏ်သတင်းကြီးမားပြီး အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ရို့စ်ရဲ့ အမေ Clare Park ဟာလည်း တော်တော်လေးအောင်မြင်တဲ့ စီးပွားရေးသမားဖြစ်တယ်လို့ သတင်းမွှေးပါတယ်။ Clare Park ဟာ လူမသိသူမသိနေပြီး လူမှုကွန်ယက်လည်း သိပ်မသုံးပေမယ့် နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းတတ်တဲ့ ပရိသတ်တွေကတော့ Clare ဟာ အထက်တန်းဆန်ဆန် ချောမောလှပပြီး ထက်မြက်တဲ့ စီးပွားရေးသမားဖြစ်တယ်လို့ ဆိုကြပါတယ်။ ရို့စ်ဟာ သြစီမှာမွေးဖွားပြီး သြစီမှာပဲ ကြီးပြင်းခဲ့ရတာပါ။ YG နဲ့ ပူးပေါင်းတဲ့အခါမှသာ ကိုရီးယားကို ပြန်လာတာပါ။


Lisa

Image result for blackpink lisa

Photo; South China Morning Post

လီဆာရဲ့ အဖေရော၊ အမေရောဟာ ထိုင်းလူမျိုးပါ။ ဒါပေမဲ့ လီဆာငယ်စဉ်မှာပဲ လီဆာ့အဖေနဲ့ ကွဲပြီးနောက် အမေဖြစ်သူဟာ လီဆာ့ရဲ့ ပထွေး Marco Bruschweiler နဲ့ လက်ထပ်ခဲ့ပါတယ်။ Marco Bruschweiler ဟာ ကမ္ဘာ့စားဖိုမှူးလောကမှာ Global Master Chef ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကျော်ကြားသူတစ်ယောက်ပါ။ လောလောဆည်တော့ Marco ဟာ ဘန်ကောက်မှာ အချက်အပြုတ်သင်တန်းကျောင်း ဖွင့်ထားပါတယ်။ လီဆာတို့မိသားစုဟာလည်း ထိုင်းမှာ တော်တော်လေး ချမ်းသာတယ်လို့ Fan တွေကြား အပြောများပါတယ်။


Jisoo

Related image

Photo; Blackpink Update

ဂျီဆိုးဟာဆိုရင်လည်း ချမ်းသာတဲ့မိသားစုရဲ့ အငယ်ဆုံးသမီး ဖြစ်ပါတယ်။ ဂျီဆိုးရဲ့ မိသားစုဟာ ကိုရီးယားရဲ့ အကြီးဆုံး ရုပ်သံလွှင့်ဌာနတစ်ခုဖြစ်တဲ့ Mnet ရဲ့ တွဲဖက် CEO ဖြစ်ပြီး ဂျီဆိုးအဖေဟာဆိုရင်လည်း MAMAMOO girl group ရဲ့အေဂျန်စီဖြစ်တဲ့ Rainbow Bridge World (RBW) ရဲ့ CEO ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ရှိပါတယ်။ 


ဆိုတော့ Blackpink အဖွဲ့ဝင်လေးယောက်လုံးဟာ ချမ်းသာတဲ့ မိသားစုတွေကနေ ပေါက်ဖွားလာကြတာဖြစ်ပြီး ဘယ်သူမှ ဆင်းဆင်းရဲရဲ မကြီးပြင်းခဲ့ရပါဘူး။


Source; Blackpink Wiki

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။