ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ခေါင်းမှာ ရေဗူးအကြီးကြီးစွတ်ပြီး လေဆိပ်သွားခဲ့တဲ့ အမျိုးသမီး

အကြောက်တရားဟာ လူတွေကို ရူးသွပ်သွားစေနိုင်လား? လူတိုင်းက သေမှာကြောက်ကြတယ်၊ မကျန်းမမာဖြစ်မှာ ကြောက်ကြတယ်။ ကိုယ့်အသက်မသေရဖို့ဆိုရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကာကွယ်သင့်ရင် ကာကွယ်ရမှာပဲ မဟုတ်လား။

Photo; World of buzz

Photo; World of buzz

ခုလိုချိန်မှာ ပြည်ပခရီးသွားရတာ၊ လေဆိပ်တွေသွားရတာဟာ စိုးရိမ်တတ်လွန်းသူတွေအတွက်တော့ ဒုက္ခကြီးတစ်မျိုးပါပဲ။ မဖြစ်မနေသွားရမယ်ဆိုရင်တောင် သေချာပေါက် အကာအကွယ်အပြည့် ယူကြမှာပဲလေ။ ဒီအမျိုးသမီးလိုပေါ့။ Vancouver အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူမဟာ Mask တပ်ထားတဲ့အပြင် ခေါင်းမှာလည်း ပလပ်စတစ်ဗူးခွံကြီး စွတ်ထားလိုက်ပါသေးတယ်။

Photo; World of buzz

Peking University ရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Wang Guangfa ပြောတဲ့ ဗိုင်းရပ်စ်ဟာ အကြည့်ကနေ ကူးနိုင်တယ်ဆိုတဲ့ စကားကြောင့် သူမအခုလိုလုပ်တာ ဖြစ်နိုင်ပါတယ်။ အခုလို မရှက်မကြောက် ကာကွယ်တာ သူမတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံကသူတွေလည်း ရေဗူးခွံစွတ်တာတွေ၊ ပလပ်စတစ်ခြုံတာတွေ လုပ်ကြပါတယ်။

Photo; World of buzz

Photo; World of buzz

Photo; World of buzz

အဲလိုကာကွယ်နည်းတွေက တကယ်လုံခြုံစေလားဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီလိုလုပ်လို့ ဗိုင်းရပ်စ်မကူးတော့ဘူးဆိုပြီး စိတ်သက်သာရာရမယ်ဆိုရင်လည်း လုပ်သင့်လုပ်ရမှာပါပဲ။


Source; https://www.worldofbuzz.com/lady-spotted-using-huge-water-bottle-on-head-to-protect-herself-from-wuhan-virus-at-airport/?fbclid=IwAR1hmNCc-Cocu0wAw-wvJ8r8yXLqyyLxU76NLAwigcdDl9DdqVmY5mG4dm8


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။