ဝူဟန်ဗိုင်းရပ်စ်လူနာတွေကို ကုသရလို့ပင်ပန်းပြီး ဆေးရုံကြမ်းပြင်နဲ့ထိုင်ခုံတွေမှာ အိပ်နေကြတဲ့ ဆရာဝန်များ

ဝူဟန်မြို့ကဆေးရုံတွေမှာ လူနာတွေ ထူထပ်ပြီး ဆေးရုံဝန်ထမ်းတွေ မအားမလပ်နိုင်ဖြစ်နေကြရတာကို ကြားပြီးကြမယ်ထင်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေဟာ အလုပ်တွေ ဆက်တိုက်လုပ်ရတယ်။ အိမ်သာသွားဖို့တောင် အချိန်မရှိလို့ ဒိုင်ပါတွေ ဝတ်ရတယ်။ လူနာတွေလိုအပ်တဲ့အချိန် ချက်ချင်းထပြေးလို့ရအောင် အဝေးကြီးမသွားရဲကြဘူး။ နားချိန်ရတဲ့ ခဏတာလေးကို တွေ့တဲ့နေရာမှာ ထိုးအိပ်ကြရပါတယ်။

Photo; Oriental Daily

ပုံတွေကိုတော့ ဆေးရုံကိုရောက်သွားတဲ့ ဒေသခံတွေက ရိုက်ယူထားခဲ့တာပါ။ ကန့်သတ်ချိန် နည်းနည်းလေးအတွင်း ဆေးရုံကြမ်းပြင်နဲ့ ခုံတန်းတွေမှာ အိပ်နေတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ပုံနဲ့အတူ “သူတို့ဟာ နိုင်ငံရဲ့ တကယ့် သူရဲကောင်းတွေပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Weibo မှာ Post တင်ထားခဲ့ပါတယ်။

“သူတို့ဟာ ငါတို့အတွက် တိုက်ပွဲဝင်နေကြတယ်။ သူတို့ဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်နေကြတယ်။ လေးစားပါတယ်။” ဆိုပြီးတော့ တရုတ် CCTV သတင်းဌာနကလည်း ပြန်တင်ထားပါတယ်။

(图截取自网络)

Photo; Oriental Daily

အခြားသော ဒေသခံတစ်ယောက်မှလည်း “အနီးကပ်ပြုစုနေရတဲ့ ဆေးရုံဝန်ထမ်းတွေကို ကျေးဇူးပါ။ အိမ်မှာ ပျင်းတယ်လို့ပြောနေတဲ့သူတွေ ဒီဆေးရုံဝန်ထမ်းတွေကို ကြည့်ကြပါ။ သူတို့အိမ်မပြန်နိုင်ကြဘူး။ သူတို့အိပ်ယာပေါ်မှာတောင် မအိပ်ရဘူး။ အဲလိုအချိန်မှာ ငါတို့ဟာ သက်တောင့်သက်သာနေနေရတယ်။ ငါတို့အရမ်းကံကောင်းလွန်းတယ်။” လို့ရေးသားခဲ့ပါတယ်။

ဒီဆရာဝန်တွေဟာ တကယ်ကို ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရတာပါ။ ဒီဗိုင်းရပ်စ် ကူးစက်တဲ့ကာလတွေ ပြီးသွားခဲ့ရင်တောင် ဆေးပညာကျွမ်းကျင်သူတွေကို လေးလေးစားစား ဆက်ဆံကြဖို့ တချို့ကလည်း တိုက်တွန်းထားကြပါတယ်။ 

Photo; Oriental Daily

Source; https://www.worldofbuzz.com/doctors-exhausted-from-treating-wuhan-virus-patients-sleep-on-hospital-floors-benches/?fbclid=IwAR1t2_qN7ap6mei9Zn9fXpWRUsmY926MEGei_i-velXylTvMGWqS_WLz7uc

https://www.orientaldaily.com.my/news/international/2020/01/30/324561


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။