တိရစ္ဆာန်အရှင်တွေကို ကီးချိန်လုပ်ပြီး ရောင်းချခဲ့တဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံဟာ ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်ပုံပြင်တွေ မရေမတွက်နိုင်အောင် ရှိတဲ့ နိုင်ငံတစ်ခုပါ။ ခွေးတွေကို ဖမ်းဆီး သတ်ဖြတ် စားသောက်တဲ့ ကောလာဟလတွေ၊ တိရစ္ဆာန်အရှင်တွေ၊ အင်းဆက်တွေကို စားသောက်တဲ့ သတင်းတွေလည်း ပြည့်နှက်နေပါတယ်။ အဲဒီလိုဇာတ်လမ်းပေါင်းသောင်းခြောက်ထောင်ထဲက တစ်ခုကတော့ တိရစ္ဆာန်အရှင်တွေကို ကီးချိန်းလုပ်ပြီး ရောင်းချခြင်းပါပဲ။

Image Credit: Pinterest

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ လိပ်တွေ၊ ငါးသေးသေးလေးတွေနဲ့ တခြားကုန်းနေရေနေသတ္တဝါကို ကီးချိန်း အဖြစ်ရော မိုဘိုင်ဖုန်းတွေမှာ အလှဆင်ဖို့အတွက်ပါ အသုံးပြုကြပါတယ်။ တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ ဈေးနှုန်း ဟာ ၁.၅ ဒေါ်လာ ဖြစ်ပြီး တိရစ္ဆာန်လေးတွေကို ထည့်ထားတဲ့ အိတ်ထဲမှာ အရောင်ဆိုးထားတဲ့ ရေတွေလည်း ထည့်ထားပါတယ်။


Image Credit: All About Pets

အဲဒီလို တိရစ္ဆာန်လေးကီးချိန်းလေးတွေကို ရောင်းချတဲ့သူတစ်ယောက်ကတော့ အဲဒီအိတ်တွေထဲမှာ အောက်စီဂျင်နဲ့ အာဟာရတွေပါဝင်ပြီးသားလို့ ဆိုပါတယ်။ ဒါ့ပြင် တိရစ္ဆာန်တွေဟာ ရက်ပေါင်းများစွာ အသက် ရှင်နိုင်ပေမဲ့ လေမကုန်ခင်မှာ သူတို့ကို လွှတ်ပေးဖို့ကိုလည်း သူက သတိပေးထားပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီလိုတိရစ္ဆာန်လေးတွေကို အိတ်ထဲအလုံပိတ်ထည့်ထားတာဟာ ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးပါပဲ။


Image Credit: All About Pets

တရုတ် အခွံပျော့လိပ်ပေါက်တွေကို ရောင်းချကြသလို အရွယ်ရောက်ပြီးသားလိပ်တွေဟာ တရုတ်နိုင်ငံက ဒေသခံတွေ အတွက်တော့ နာမည်ကျော်ဟင်းတစ်ခွက်ပါပဲ။ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေကလည်း အဲဒီလို အဓိပ္ပါယ်မရှိ၊ ရက်စက်တဲ့အပြုအမူကို ပြစ်တင်ရှုံ့ချကြပြီး တရုတ်နိုင်ငံမှာ တိရစ္ဆာန်တွေအတွက် ကာကွယ်ပေး တဲ့ ဥပဒေတွေမရှိတာကိုလည်း မီးမောင်းထိုးပြခဲ့ကြပါတယ်။


Image Credit: Petition Site

တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ယေက်ဖြစ်တဲ့ David Neale ကလည်း တရုတ် နိုင်ငံမှာ ဒေသတွင်း တိရစ္ဆာန်ကာကွယ်ရေးဥပဒေသာ အသက်ဝင်လာမယ်ဆိုရင် အဲဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေကို ကာကွယ်ပြီးသားဖြစ်သွာနိုင် ကြောင်း၊ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့သူတွေလည်း အပြစ်ဒဏ်ကျခံရ မှာ ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ 


Image Credit: All About Pets

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာတော့ အဲဒီလိုတိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတွေ လုံးဝပပျောက်သွားခြင်းတော့ မရှိသေးပါဘူး။


Image Credit: All About Pets

Source: https://petsreadings.com/live-animals-sold-as-key-rings-in-china/?fbclid=IwAR0vd-9k2VbBSmKbSvuHs7sYz_mPW9uPIq1Y7Jz0LalzyVwAMlcWL0Ic3kE

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။