အရပ်ရှည်ချင်ရင် ဒါတွေစားပါ

အရပ်ရှည်ခြင်း၊ ပုခြင်းဟာ မိဘမျိုးရိုးနဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့အဆိုဟာ သိပ်တော့မမှန်ကန်လှပါဘူး။ တကယ်လို့ သင်ဟာ မျိုးရိုးကြောင့် အရပ်ပုနေမယ်ဆိုရင်တောင် အရပ်ရှည်လာအောင်ကြိုးစားဖို့ အခွင့်အရေးရှိပါတယ်။ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ကြိုးခုန်ခြင်း အစရှိတဲ့အားကစားနည်းတွေက သင့်ကို အရပ်ရှည်လာအောင်ကူညီပေးမှာပါ။ ထို့အတူ အရပ်ရှည်ဖို့အတွက် စားသင့်တဲ့ အစားအသောက်ကောင်းများစွားလည်း ရှိပါတယ်။ အဆိုပါအစားအသောက်တွေကတော့ 


(၁) ငါးအမျိုးမျိုး


ပင်လယ်ငါးတွေမှာ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်နဲ့ တူနာငါးတွေမှာ ပါဝင်တဲ့ ပရိုတင်းနှင့် ဗီတာမင်ဓာတ်တွေဟာ အရပ်ရှည်ဖို့အတွက် အားဖြည့်ပေးနိုင်ပါတယ်။


(၂) ဥအမျိုးမျိုး


စူပါအစားအစားဖြစ်တဲ့ ဥတွေမှာတော့ ဗီတာမင်ဒီနှင့် ကယ်ဆီယံဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်ရရှိဖို့နဲ့ အရိုးတွေသန်မာဖို့အတွက် ဥအမျိုးမျိုးကိုစားသုံးပေးသင့်ပါတယ်။


(၃) ပဲပြား


ပဲပြားမှာ ကယ်ဆီယံဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ သို့ပေမဲ့ ကယ်လိုရီပမာဏ အနည်းငယ်ပဲ ပါဝင်တဲ့အတွက် Diet လုပ်နေသူတွေအတွက် အသုံးဝင်လှပါတယ်။


(၄) ဖရုံသီးစေ့


ဖရုံစေ့ဟာ ခန္ဓာကိုယ်က တစ်သျှုးတွေကျန်မာဖို့နှင့် တစ်သျှုးအသစ်တွေ မွေးဖွားလာဖို့ ကူညီပေးနိုင်ပါတယ်။ ဖရုံစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် အထောက်အကူပြုပါတယ်။


(၅) မုန်လာဥနီ


မုန်လာဥနီမှာတော့ ဗီတာမင်စီနှင့် ဗီတာမင်အေဓာတ်များ အများအပြားပါဝင်ပါတယ်။ ဗီတာမင်အေဟာ အရိုးထဲမှ ကယ်ဆီယမ်ဓာတ်ကို တိုးမြင်ပေးပြီး အရိုးတွေ သန်မာကြီးထွားရန် အထောက်အကူပေးနိုင်ပါတယ်။ ထို့အပြင် မုန်လာဥနီဟာ မျက်စိကျန်မာရေးအတွက်လည်း အသုံးဝင်လှပါတယ်။


(၆) နို့အမျိုးမျိုး


နို့ဟာ အရပ်ရှည်ဖို့အတွက် အကောင်းဆုံးဓာတ်စာပါပဲ။ နို့မှာ ကယ်ဆီယမ်ဓာတ်များစွာပါဝင်ပြီး အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် အသုံးဝင်လှပါတယ်။ အရပ်ရှည်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို နို့(၂) ခွက်မှ (၃)ခွက်လောက်အထိ သောက်သုံးဖို့ အကြံပြုလိုက်ရပါတယ်။


(၇) ငှက်ပျောသီး


ငှက်ပျောသီးကို နေ့စဉ်စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ကြီးထွားစေဖို့အတွက် အထောက်အကူပြုပါတယ်။ အရပ်ရှည်စေနိုင်ပြီး အစာခြေစနစ်အတွက်လည်း အသုံးဝင်လှပါတယ်။  

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။