ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှုန်းကျဆင်း

၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀၊ ရန်ကုန်။


ကမ္ဘာအနှံ့ရှိလူပေါင်း ၁၇၂၀၀ ကျော်ကိုကူးစက်စေခဲ့သော ဗိုင်းရပ်စ်သစ်က စီးပွားရေးဆိုင်ရာအခြေခံကဏ္ဍများကို နှောင့်နှေးလာစေသော အချက်တစ်ခုဖြစ်သည်။ ဓာတ်ပုံ - AFP

ခရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်သုံးသပ်မည် ဟု ကဏ္ဍစုံချေးငွေဥက္ကဌ ဖြစ်သူ မှ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြောကြားခဲ့ပြီး အဆိုပါသုံးသပ်မှုမှာ တရုတ်နိုင်ငံမှ စတင်ပေါက်ပွားခဲ့သော ခရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်မှုမှ ရှောင်ရှားနိုင်ရန်ဖြစ်သည် ဟု ဆိုသည်။

ပြီးခဲ့သောလက အမေရိကန် နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုများ လျော့ကျခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတိုးတက်မှုများရှိလာမည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းခဲ့သည်။ သို့သော် တရုတ်နိုင်ငံအတွင်း ရာနှင့်ချီသော သေဆုံးမှုများ နှင့် စီးပွားရေးကဏ္ဍအတွင်း ခရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုက အဆိုပါတိုးတက်မှုကို နှောင့်နှေးစေမည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မာလ်ပတ်စ် ( David Malpass ) က သတိပေးခဲ့သည်။

တရုတ်နိုင်ငံမှ ကုန်ပစ္စည်း supply chain ပြတ်လတ်မှုက ၂၀၂၀ အစောပိုင်း ကမ္ဘာ့ဘဏ်တိုးတက်မှုကို နှေးကွေးစေနိုင်သည်ဟု ဥက္ကဌက ဖြည့်စွက်ပြောကြားသည်။ ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းများမှာ တရုတ်နိုင်ငံသို့လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့လိုက်ခြင်း၊ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများက နိုင်ငံနယ်စပ်ဂိတ်များကို ပိတ်ပင်လိုက်ခြင်းစသည့် အချက်များက ကမ္ဘာ့ကုန်စည်ဈေးကွက်ကို အဓိက လည်ပတ်စေသော တရုတ်ပစ္စည်းများထုတ်လုပ်ခြင်းကိုနှေးကွေးစေသည်ဟု ဥက္ကဌက ပြောဆိုသည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေးမျှော်မှန်းချက်များအရ ကမ္ဘာ့စီးပွားရေးသည် ပြီးခဲ့သော ၂၀၁၉ က ၂.၄ ရာခိုင်နှုန်းသာရှိရာမှ ယခုနှစ်တွင် ၂.၅ အထိသို့တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ သို့သော် ဗိုင်းရပ်စ်ပေါက်ပွားမှုက တရုတ်နိုင်ငံစီးပွားရေး၏ လေးပုံနှစ်ပုံအထိ သက်ရောက်မှုရှိပြီး တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုက ကမ္ဘာ့စီးပွားရေးကိုပါ သေချာပေါက်ထိခိုက်စေလိမ့်မည်ဟု အမေရိကန်နိုင်ငံ ဗဟိုဘဏ်ဥက္ကဌဟောင်းဖြစ်သူ ဂျက်နက်ယယ်လန် ( Janet Yellen ) က CNA နှင့် အင်တာဗျုးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့က ကမ္ဘာ့ဘဏ်မှ တရုတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု နှင့် စောင့်ကြည့်ကုသမှုများအပေါ် ကမ္ဘာ့နိုင်ငံအားလုံးမှ ပါဝင်ကူညီကြရန်တောင်းဆိုလိုက်ပြီး ရောဂါတိုက်ဖျက်ရေးကြိုးပမ်းချက်များအပေါ် မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် လွန်ခဲ့သော ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်များအတွင်း ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ် ( SARS ) ကြောင့် လူပေါင်း ၃၄၉ ဦးထက်မနည်းသေဆုံးခဲ့သည်။

Gabriel

WE Media

Source - Channel News Asia

Original Link >> https://www.channelnewsasia.com/news/business/world-bank-to-lower-global-growth-forecast-over-virus-outbreak-12392928

Related Searches - World Bank, Supply Chain, SARS, David Malpass, Janet Yellen, US Federal Reserve










we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။