လပြည့်ဝန်း အိမ်တိုင်ရာရောက်ပို့ဆောင်ရေး

အခု ဒီဓာတ်ပုံကိုကြည့်ပြီးစိတ်ထဲမှာ ကြည်နူးမှုရသလေး တစ်ခုဖြစ်တာတော့အမှန်ပဲ။
ဘယ်လောက်ပဲမှောင်မိုက်ပြီး တိတ်ဆိတ်နေတဲ့ည ဖြစ်ပါစေ ....၊ အချိန်တန်လို့ကောင်းကင်ပေါ်မှာ လပြည့်ဝန်းကြီးထွက်လာရင် အရာရာက ငွေရောင်သန်းပြီးလှပသွားစမြဲမဟုတ်လား .. .။

အပျော်တမ်းဓာတ်ပုံပညာရှင် အဲရစ် ဂျိုဟန်ဆင် အနေနဲ့  သူဖန်တီးနိုင်စွမ်းရှိတဲ့အရာတွေထက်စာရင် သူ့စိတ်ကူးစိတ်သန်းတွေရဲ့နယ်မြေအလွန် … ပိုပြီးဆန်းသစ်တဲ့ လက်ရာတွေကိုဖန်တီးချင်တဲ့ ဆန္ဒရှိခဲ့တယ်။ သူ့ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး လူတွေဆီက ချီးကျူးမှုထက် “ ဘာကြောင့် “ ဆိုတဲ့ဝေဖန်မှုဆောင်တဲ့မေးခွန်းတွေကိုပိုပြီးမျှော်လင့်တယ် ...။နောက်ဆုံး သူအကြံတစ်ခုရသွားတယ်။ တခြား ဖိုတိုဂရပ်ပါ တွေလိုမျိုး အရှိကိုအရှိအတိုင်းရိုက်ပြတာထက်စာရင် သူ့ရဲ့ ဓာတ်ပုံပညာနဲ့ နည်းပညာ ကိုပေါင်းစပ်ဖို့ ပရောဂျက်တစ်ခုကို အစီအစဉ်ဆွဲခဲ့တယ် .. ။ သူ့ရဲ့ ပရောဂျက်နာမည်ကတော့ “လပြည့်ဝန်း အိမ်တိုင်ရာရောက်ဝန်ဆောင်မှု” တဲ့ .. 

သူ့အနေနဲ့ ဒီပရောဂျက်ကိုစတင်ဖို့ အချိန်ရှစ်လလောက်ယူခဲ့ရတယ် …။ အဓိက ကတော့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ နဲ့ အချိန်ကောင်းရရှိဖို့ပါ။
လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဂျပန်စက္ကူမီးပုံးတွေ .. လျှပ်စစ်မီးသီးတွေ .. ဂျင်နရေတာတစ်လုံး နဲ့ ဗင်ကားတစ်စီးပေါ့ ....။
နောက်ဆုံး ရှုခင်းကောင်းကောင်းရဖို့အတွက်တော့ နွေဦးပေါက်ကာလဖြစ်တဲ့ မေလ ရဲ့နောက်ဆုံးရက်သတ္တပတ်ညနေခင်းအချိန်မှာ ရိုက်ကူးခဲ့တာဖြစ်တယ် ....။
မရိုက်ကူးခင်မှာတော့ သူလိုချင်တဲ့ပုံစံရဖို့ Sketch အရင်ဆွဲထားပြီး လေ့ကျင့်ခဲ့တာပါ ....။

Sketch

ဓာတ်ပုံတွေကို သူ့ရဲ့ Hasselblad H6D-50C ကင်မရာနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ လိုချင်တဲ့ပုံစံတွေဖန်တီးဖို့အတွက် Photoshop CC 2017 ဆော့ဖ်ဝဲ ကိုအသုံးပြုခဲ့ပါတယ် ....။

Hasselblad H6D-50C
Photoshop CC 2017

ဒါကတော့ အဲရစ် ရဲ့ ဓာတ်ပုံပညာ စိတ်ကူးစိတ်သန်းနဲ့ နည်းပညာတို့ပေါင်းစပ်ထားတဲ့ “လပြည့်ဝန်းအိမ်တိုင်ရာရောက်ဝန်ဆောင်မှု “ ဖြစ်ပါတယ်။

Into Reality 
Full Moon Service 

Full moon service ရိုက်ကူးမှုနောက်ကွယ်က ဗီဒီယိုဖိုင်ကိုကြည့်ချင်တယ်ဆိုရင်တော့ ....။

Preparation