အစားအသောက်တွေကို လက်နဲ့ တိုက်ရိုက် ကိုင်စားတာက အရသာပိုရှိစေကြောင်းလေ့လာတွေ့ရှိ

ဒီတွေ့ရှိမှုက ဝိတ်ချနေတဲ့သူတွေအတွက်တော့ တကယ်ကို အထောက်အကူဖြစ်စေမှာပါ။  ဒီလေ့လာမှုကိုတော့ Stevens Institute of Technology မှ သုသေတနပညာရှင် Adriana Madzharov က လူပေါင်း ၁၄၅ ယောက်ကို အုပ်စုနှစ်စုခွဲကာ သေသေချာချာလေ့လာခဲ့တာပဲဖြစ်ပါတယ်။


ကျွန်တော်တို့ လူသားတွေဟာ အစာစားတဲ့အခါမှာ အစားတစ်လုပ် ပါးစပ်ထဲရောက်သွားတဲ့အထိကို ဦးဏှောက်ကပဲ အဓိက ဦးဆောင်သွားတာဖြစ်ပါတယ်။ Madzharov ရဲ့ လေ့လာမှုတွေအရ လူ ၁၄၅ ယောက်ကို တူညီတဲ့ အစားအသောက်တွေကိုပဲ မတူညီတဲ့ ပုံစံနဲ့ စားခိုင်းတဲ့အခါ ဦးနှောက်ကတုံ့ပြန်ပုံချင်း မတူညီတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

လက်နဲ့ တိုက်ရိုက်ကိုင်တွယ်စားသူတွေမှာ ဦးနှောက်က အစားအသောက်အပေါ် ပိုမို အာရုံခံစားမိစေပြီး အရသာခံနိုင်စွမ်းပါ ဇွန်းတွေ ခက်ရင်းတွေ တူတွေနဲ့ စားတဲ့လူတွေထက်ကို ပိုနေတာ တွေ့ရှိခဲ့ပါတယ်။


နောက်ထပ်ဖြစ်နိုင်ခြေရှိတာတစ်ခုကတော့ လက်နဲ့ စားတဲ့အခါ လူတွေက လက်ပြန်မဆေးခင်မှာ စားနိုင်စွမ်းရှိသလောက်ကို ပိုစားတော့တာပါ။ ဇွန်းတွေ ခက်ရင်းတွေနဲ့ကျတော့ အချိန်မရွေးရပ်တန့်လိုက်နိုင်တယ်၊ အဲ့လိုပဲ စားချင်စိတ်ရှိသေးရင်လည်း အချိန်မရွေးဆက်စားနိုင်တာပဲဆိုတဲ့စိတ်က အေးအေးလူလူနဲ့ ခပ်ဖြေးဖြေး စားဖြစ်စေတော့တာပါပဲ။ သင်လည်း သိလောက်မယ်ထင်ပါတယ်။ မြန်မြန်စားတဲ့လူတွေနဲ့ အေးအေးဆေးဆေးစားတဲ့လူတွေမှာ ဗိုက်ဝတယ်ဆိုတဲ့အသိဟာ အချိန်ကွာခြားချက်သိပ်မရှိလှပါဘူး။ ဆိုလိုတာက မြန်မြန်စားတဲ့သူတွေမှာ အစားအသောက်အများကြီးစားပြီးမှ ဗိုက်ဝပေမဲ့ ဖြေးဖြေးစားတဲ့လူတွေကတော့ အစားအသောက်နည်းနည်းလေးနဲ့ ဗိုက်ဝစေတာပါ။တကယ်တော့ ဗိုက်ဝတယ်ဆိုတာ အစားအသောက်ပမာဏနဲ့မဆိုင်ပါဘူး။ အချိန်နဲ့ပဲဆိုင်တာပါ။


ကဲ ဒီလောက်ဆိုရင်တော့ အစားအသောက်ကို လက်နဲ့စားတာရယ် ဇွန်း၊ခက်ရင်းတွေနဲ့ စားတာရဲ့ကွာခြားချက်ကို သင်လည်း သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ သင်ဟာ ဝိတ်ချနေတဲ့လူတစ်ယောက်ဒါမှမဟုတ် ဝိတ်တက်ချင်တဲ့လူတစ်ယောက်ဆိုရင်တော့ ဒီတွေ့ရှိချက်က သင့်အတွက် အသုံးဝင်မှာ အသေအချာပါပဲ. . .။


June Nine Aung

WE Media

Source - Steven Institute Of Thechnology

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။