ထူးဆန်းစွာ လင်းနို့ပေါင်းများစွာ အုပ်စုဖွဲ့ပျံသန်းမှုဖြစ်နေတဲ့ သြစတြေးလျက မြို့ငယ်

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းနယ်က Ingham မြို့ငယ်လေးတစ်ခုမှာ နေခင်းကြောင်တောင်အချိန် လင်းနို့ အကောင်ရေ ပေါင်းများစွာ အုပ်စုဖွဲ့ပျံသန်းနေမှုကြောင့် မြို့ခံလူထုဟာ ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ မြို့တော်ဝန်ကလည်း အရွက်စားလင်းနို့တွေရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရကြောင်း သတိပေးပြောကြားထားပါတယ်။

Image Credit: A Current Affair

Ingham မြို့ငယ်လေးမှာ မှီတင်းနေထိုင်ကြတဲ့ အရွက်စားလင်းနို့အရေအတွက်ဟာ လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ များပြားလာပြီး မြို့ဧရိယာအတွင်းက သစ်ပင်တွေမှာ အကောင်ရေ ၃ သိန်းကျော် အထိရှိလာခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရက်က ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအရ မြို့ရဲ့ကောင်းကင်ပြင်မှာ လင်းနို့ကောင်ရေ ထောင်ပေါင်း များစွာ အုပ်စုဖွဲ့ပျံသန်းနေတဲ့ ထိတ်လန့်စရာမြင်ကွင်းကိုလည်း တွေ့မြင်ရပါတယ်။ 


Image Credit: A Current Affair

Ingham မြို့က State ကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကလေးသူငယ်များစွာဟာလည်း ကျောင်း ဝန်းကျင်မှာ လွှမ်းမိုးကြီးစိုးထားတဲ့ လင်းနို့တွေရဲ့ရန်ကို ကြောက်ရွံ့ကြတာကြောင့် ကျောင်းမသွားဝံ့ကြပါဘူး။ ဒေသခံတွေဖြစ်ကြတဲ့ Adam နဲ့ Susanne Kaurila တို့ဟာလည်း လင်းနို့တွေ တိုက်ခိုက်ရန်ပြုမှာ စိုးတာကြောင့် သူတို့ရဲ့သမီးနှစ်ယောက်ကို ကျောင်းမတက်ခိုင်းကြတော့ပါဘူး။


Image Credit: NQ Wildlife Care/ Facebook

လင်းနို့တွေဟာ Australian Bat Lyssavirus လို့သိကြတဲ့ ခွေးရူးပြန်ရောဂါလို ရောဂါမျိုးတွေကိုလည်း သယ်ဆောင်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ကွင်းစ်လန်းက ဒေသခံ ၃ ယောက် ဟာ အဲဒီလိုရောဂါမျိုးကြောင့် သေဆုံးခဲ့ရဖူးပါတယ်။ အဲဒါကြောင့်လည်း မြို့နေဒေသခံတွေဟာ အခုလို လင်းနို့ ထောင်နဲ့ချီ အုပ်စုဖွဲ့ပျံသန်းမှုကို ကြောက်ရွံ့ထိတ်လန့်နေကြတာ ဖြစ်ပါတယ်။

Katie Scarlett
We Media
Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-7971993/Children-afraid-school-town-overrun-sex-mad-flying-foxes.html?fbclid=IwAR0h7c9Yz2P7bZLfEl5fKMUGKEFk57Ezw76VIFnQot1rpPMwQOHq-XQAgRE


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။